တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးဌာန ဒုတိယအကြီးအကဲဖြစ်သူ Major General Vanhthong BOUDTAVONG ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ အခွန်ထမ်းမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များတွင် အီလက်ထရောနစ် အခွန်ထမ်းမှတ်ပုံတင်စနစ်ဖြင့် ပြောင်းလဲကျင့်သုံးသွားမည့် အစီအစဉ်ကို အသိပေးကြေညာခြင်း

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးဌာန ဒုတိယအကြီးအကဲဖြစ်သူ Major General Vanhthong BOUDTAVONG ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 09, 2026
image_latest


နေပြည်တော် ဇွန် ၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးဌာန ဒုတိယအကြီးအကဲဖြစ်သူ Major General Vanhthong BOUDTAVONG ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးဌာနဒုတိယအကြီးအကဲနှင့်အတူ လာအိုပြည်သူ့တပ်မတော် နိုင်ငံတကာဆက်ဆံရေးဌာန ဒုတိယညွှန်ကြားရေးမှူး Colonel Mixay PHENGSAVATH ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုစစ်သံမှူး Colonel Viphaxay CHANTHAMATH နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် မြန်မာ-လာအိုနှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့်ပူပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာအောင် တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ စစ်ဘက်ဆက်ဆံရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံဆက်ဆံရေးတို့တွင် တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်တို့ပါဝင်သော CLMV အဖွဲ့ဝင် နိုင်ငံလေးနိုင်ငံ၊ မဟာမဲခေါင်ဒေသခွဲအဖွဲ့၊ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာအဖွဲ့တို့တွင်လည်း အဖွဲ့ဝင်နိုင်ငံများအဖြစ် ဒေသတွင်းတိုးတက် ဖွံ့ဖြိုးရေးကိစ္စရပ်များတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးစဉ်များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ အားကစားအဖွဲ့များနှင့် သင်တန်းသားများ အပြန်အလှန်စေလွှတ်နေသည့် အခြေအနေများ၊ မဲခေါင်မြစ်လုံခြုံရေးအပါအဝင် နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှုများအပေါ် လာအိုနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဖြင့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ထောက်ပံ့ပစ္စည်းများ စေလွှတ်ပေးအပ်သည့်အတွက် များစွာကျေးဇူးတင်ရှိမှု၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရေးကောင်းမွန်အောင် နေထိုင်လျက်ရှိပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နှင့်အညီ ရပ်တည်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံ၏လက်ရှိဖြစ်ပေါ်တိုးတက်မှုများဖြစ်သော ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရသည့် နိုင်ငံတော်အစိုးရသည် ပြည်သူ့ဆန္ဒကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အပြုသဘောဆောင်သည့် လုပ်ဆောင်မှုများနှင့် ဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ တက်ကြွပြီး ဘက်မလိုက်သည့်နိုင်ငံခြားရေးမူဝါဒနှင့်အညီ အိမ်နီးချင်းကောင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံတကာနှင့်ဟန်ချက်ညီ ဆက်သွယ်ဆောင်ရွက်နေမှုအခြေအနေများ၊ တပ်မတော်အနေဖြင့်လည်း အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုဖြင့် ကာကွယ်စောင့်ရှောက်နေသည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြကာ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။


၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇွန် ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 10, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။


Posted on Jun 09, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


Posted on Jun 05, 2026

အခွန်ထမ်းမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များတွင် အီလက်ထရောနစ် အခွန်ထမ်းမှတ်ပုံတင်စနစ်ဖြင့် ပြောင်းလဲကျင့်သုံးသွားမည့် အစီအစဉ်ကို အသိပေးကြေညာခြင်း


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန/ location / May 19, 2023


Download ရယူရန်