တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာ့ရိုးရာမဟာသင်္ကြန် အကျနေ့စည်ကား သိုက်မြိုက်စွာ ဆက်လက်ကျင်းပဆင်နွှဲ
တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာ့ရိုးရာမဟာသင်္ကြန် အကျနေ့စည်ကား သိုက်မြိုက်စွာ ဆက်လက်ကျင်းပဆင်နွှဲ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 14, 2026
နေပြည်တော် ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ကူးပြောင်းမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကျနေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာရိုးရာယဉ်ကျေးမှု ရိုးရာအစဉ်အလာများနှင့်အညီ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။
ထိုသို့ ယနေ့တွင်ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်အကျနေ့ကို ဆက်လက်ဆင်နွှဲလျက်ရှိရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် စုပေါင်းအတာရေသဘင်မဏ္ဍပ်၌လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာအတာသင်္ကြန်ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နှစ်ဦးအားမာန်နေဝန်းနီသင်္ကြန်အတာရေကစားမဏ္ဍပ်၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရွှေနေကြာသင်္ကြန်မဏ္ဍပ်၌လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံမိသားစုမဟာသင်္ကြန်မဏ္ဍပ်၌လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာမဟာ အတာသင်္ကြန်ရေကစားမဏ္ဍပ်၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ပုလဲရွှေပြည်ရေကစားမဏ္ဍပ်၌လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် မိသားစုမဟာသင်္ကြန်ရေသဘင်ပွဲတော်မဏ္ဍပ်၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ စစ်တွေမြို့ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နန်းမြို့သူဖျော်ဖြေရေးမဏ္ဍပ်၊ မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် မင်္ဂလာမန္တလေးမဟာသင်္ကြန်မဏ္ဍပ်တို့၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌လည်းကောင်း အတာရေသဘင်ပွဲများ ဆက်လက်ဆင်နွှဲကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများကသွားရောက်၍ အတာသင်္ကြန်ယိမ်းအကအဖွဲ့များ၏ ယှဉ်ပြိုင်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ အတာသင်္ကြန်မဏ္ဍပ်များ၌ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များတက်ရောက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ သပြေခက်များဖြင့် အတာသင်္ကြန် ရေကိုပက်ဖြန်းပေးပြီး မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပါဝင်ဆင်နွဲကြသည်။
ထို့ပြင် ရေသဘင်ဆင်နွှဲကြသူများအား စတုဒီသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ပျော်ရွှင်စွာရေပက်ကစားခြင်းတို့ဖြင့် အတာရေသဘင်ပွဲတော်ကို ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
