တောင်သူကြီး AI ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး
တောင်သူကြီး AI ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 05, 2026
နေပြည်တော် မတ် ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပါမောက္ခများ၊ သုတေသနပညာရှင်များ၊ တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၁၅) အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီး က စိုက်ပျိုးရေးဆိုင်ရာ နည်းပညာသစ်တစ်ခုဖြစ်သော “တောင်သူကြီး AI”ကို မိမိတို့အမျိုးသားပိုင် ဖွံ့ဖြိုးရေးဆောင်ရွက်ထားရှိမှုများ တင်ပြဆွေးနွေးရန် ရည်ရွယ် ပါကြောင်း၊ မြန်မာ့စိုက်ပျိုးရေးလောကအတွက် ထူးခြားသည့်ပြောင်းလဲမှုတစ်ခုဖြစ်လာရန် ရည်ရွယ်ပါကြောင်း၊ ယခု AI နည်းပညာသည် အခြားသော Chatbot များကဲ့သို့ အထွေထွေသုံး AI များနှင့်မတူဘဲ စိုက်ပျိုးရေးကိုသာ အဓိကလုပ်ဆောင်ထားခြင်းဖြစ်ပြီး အဓိကလုပ်ဆောင်ချက် များအနေဖြင့် အပင်ရောဂါရှာဖွေခြင်း၊ မြေဆီလွှာခွဲခြမ်းစိတ်ဖြာခြင်း၊ မျိုးစေ့ချချိန် ၊ ရိတ်သိမ်းချိန်မှ အထွက်နှုန်းနှင့် ဈေးကွက်တင်ပို့မှု အဆင့်ဆင့်အထိ ကွင်းဆက်တိုင်းအတွက် ပညာပေးနိုင်ရန် ရည်ရွယ်ထားပါကြောင်း၊ AI တွင် စိုက်ပျိုးရေးဆိုင်ရာ Chatbot တစ်ခုလည်း ပါဝင်သဖြင့် တောင်သူများက မိမိတို့သိလိုသော စိုက်ပျိုးရေးပြဿနာများကို စာဖြင့်ဖြစ်စေ၊ အသံဖြင့်ဖြစ်စေ မေးမြန်းနိုင်ပြီး AI မှ ခေတ်မီသော အချက်အလက်များဖြင့် ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း။
လက်ရှိတွင် Version 1 (Beta) အနေဖြင့်စတင်လျက်ရှိပြီး နောက်ပိုင်းတွင် ပိုမိုစုံလင်သော လုပ်ဆောင်ချက်များနှင့်အတူ Play Store ၌ အလွယ်တကူ ဒေါင်းလုဒ်ရယူနိုင်အောင် စီစဉ်သွားမည် ဖြစ်ကြောင်း၊ Chatbot ကို Website များ၊ အင်တာနက်အချက် အလက်များနှင့် ချိတ်ဆက်ပြီး တောင်သူများအတွက် ပိုမိုပြည့်စုံသော ဝန်ဆောင်မှုပေးနိုင်ရန် လိုအပ်ပါကြောင်း၊ Chatbot များ ပိုမိုကျွမ်းကျင်စွာ ဖြေကြားနိုင်ရန်အတွက် Master Prompt များ ရေးသားအသုံးပြုရန် အကြံပြု ပါကြောင်း၊ ယခုနည်းပညာသည် မြန်မာ့လယ်သမားများအတွက် စိုက်ပျိုး၍ရခြင်းကို ရောင်းချခြင်းထက် ရောင်းရမည့်သီးနှံကို စိုက်ပျိုးတတ်လာစေရန် အဓိကကူညီပေးသွားမည်ဖြစ်ကြောင်း၊ ယခု AI နည်းပညာကို ပိုမိုခိုင်မာစေရန်အတွက် စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနများ ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများက “တောင်သူကြီး AI” နှင့် ပတ်သက်၍ ရှေ့ဆက်လက်လုပ်ဆောင်မည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEID) စတင်အသုံးပြုဆောင်ရွက်မည့်အစီအစဉ်ကို ပြည်သူသို့အသိပေးကြေညာခြင်း
Posted on Mar 5, 2026စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း
Posted on Mar 4, 2026စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
Posted on Mar 3, 2026စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
