ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ခိုလမ်မြို့ရှိ ကျောင်းများ ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ခိုလမ်မြို့ရှိ ကျောင်းများ ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 23, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၂

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက ယခင်ကွန်ပျူတာတက္ကသိုလ် (ကျိုင်းတုံ) သို့ ရောက်ရှိပြီး ကျိုင်းတုံပညာရေးဒီဂရီကောလိပ်ကို နေရာပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးက ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ်၊ ကျိုင်းတုံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပညာရေးမှူး၊ တာဝန်ရှိသူတို့နှင့် တွေ့ဆုံ၍ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်ကို ကျိုင်းတုံတက္ကသိုလ်ဝင်းအတွင်း ဖွင့်လှစ်နေရကြောင်း၊ ထို့ကြောင့် Polytechnic University (ကျိုင်းတုံ) သို့ ပြောင်းရွှေ့ဖွင့်လှစ်သွားသဖြင့် လစ်လပ်နေသော ကွန်ပျူတာတက္ကသိုလ် (ကျိုင်းတုံ) နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေးအတွက် လေ့လာစီစဉ်ဆောင် ရွက်သွားရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရန် ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တက္ကသိုလ်သုံးထပ် ပင်မဆောင်၊ ဖူဆယ်ဘောလုံး ကွင်း၊ အားကစားရုံ၊ ဆရာ ဆရာမများအဆောင်၊ ကျောင်းသား ကျောင်းသူ ၈၀ ဆံ့ အိပ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာတို့ကို လှည့်လည်ကြည့်ရှုကာ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်မှ ရွှေ့ပြောင်းတက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများ သင်ကြားရေး၊ နေထိုင်ရေး အဆင်ပြေစေရန် လိုအပ်သည့်အဆောင်များအတွက် အကွက်ချပုံစံရေးဆွဲနိုင်ရေးကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျိုင်းတုံတက္ကသိုလ်သို့ ရောက်ရှိကာ ဘွဲ့နှင်းသဘင်ခန်းမတွင် ဆရာ ဆရာမများအား တွေ့ဆုံအားပေးပြီး လိုအပ်သည်များကို မေးမြန်းဖြည့်ဆည်းပေး ကာ တက္ကသိုလ်ဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ကျိုင်းတုံတက္ကသိုလ်စာကြည့်တိုက်နှင့် ကျိုင်းတုံပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိလေ့လာပြီး ကျိုင်းတုံတက္ကသိုလ် ဘောလုံးကွင်းနှင့် အားကစားရုံတို့ကို စစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းပေးသည်။

ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ် ခိုလမ်မြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာကြီးအား လိုအပ်သည်များ မေးမြန်းကာ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ရွှေစည်းခုံကောင်းမှုလျှံပြည်ငြိမ်းအေး စေတီတော်မြတ်ကြီးအား ဖူးမြော်ကန်တော့ခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Posted on Jan 23, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Posted on Jan 22, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 21, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Posted on Jan 20, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Posted on Jan 19, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 18, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ရန်ကုန်တိုင်းဒေသကြီး၊ သာသနာနုဂ္ဂဟအသင်းအလုပ်အမှုဆောင်အဖွဲ့၏ သဘောထားထုတ်ပြန်ကြေညာချက်

Posted on Jan 23, 2026

ရန်ကုန်တိုင်းဒေသကြီး၊ သာသနာနုဂ္ဂဟအသင်းအလုပ်အမှုဆောင်အဖွဲ့၏ သဘောထားထုတ်ပြန်ကြေညာချက်

မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်း (MIFA) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဘောထားထုတ်ပြန်ကြေညာချက်

Posted on Jan 23, 2026

မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်း (MIFA) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဘောထားထုတ်ပြန်ကြေညာချက်

ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ သဘောထားထုတ်ပြန်ချက်

Posted on Jan 23, 2026

ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ သဘောထားထုတ်ပြန်ချက်