ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး ပြင်ဦးလွင်မြို့နယ် သစ်တောမြေအတွင်း ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး ပြင်ဦးလွင်မြို့နယ် သစ်တောမြေအတွင်း ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 11, 2026
image_latest


နေပြည်တော် မေ ၁၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးသည် ယမန်နေ့မွန်းလွဲပိုင်းက ဒိုးကွင်ပျိုးဥယျာဉ် ရှင်းလင်းဆောင်ခန်းမ၌ ပြင်ဦးလွင်မြို့နယ် သစ်တောမြေအတွင်း ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သစ်တောနယ်မြေများအတွင်း တရားဝင်ခွင့်ပြုချက်မရှိဘဲ မွေးမြူရေးလုပ်ငန်းများ ပြုလုပ်နေခြင်းသည် ဥပဒေနှင့် ညီညွတ်မှုမရှိသည့်အပြင် သစ်တောမြေ အသုံးချမှုကိုလည်းပြောင်းလဲစေသဖြင့် ခွင့်ပြုနိုင်ခြင်းမရှိပါကြောင်း၊ နိုင်ငံတော်က ခွင့်ပြုထားသောနေရာများတွင်သာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီသာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လုပ်ငန်းရှင်များ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ထို့နောက် ၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ သစ်တောကျောင်းအတွက် နှစ်ထပ်စာသင်ဆောင်၊ နှစ်ထပ်သင်တန်းသား အိပ်ဆောင်နှင့် ဘက်စုံသုံးသင်တန်းခန်းမ ဆောက်လုပ်ရန် မြေနေရာရွေးချယ်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Posted on May 11, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Posted on May 10, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Posted on May 09, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Posted on May 08, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Posted on May 07, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 06, 2026