ဒုတိယဝန်ကြီး ဦးမျိုးမြင့် ဂျိုင်း(ဇာသပြင်)တံတားတည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးမျိုးမြင့် ဂျိုင်း(ဇာသပြင်)တံတားတည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 22, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၂၁

မွန်ပြည်နယ်အတွင်းတည်ဆောက်လျက်ရှိသည့် တံတားလုပ်ငန်းများကို ယမန်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှင်းလင်းတင်ပြ

ဦးစွာ အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီး အပိုင်းတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဂျိုင်း(ဇာသပြင်) တံတားသစ်တည်ဆောက်ရေးလုပ်ငန်းခွင်ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက Stay Cable သံမဏိကြိုးတပ်ဆင်ခြင်းလုပ်ငန်း၊ သံပေါင်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ချဉ်းကပ်လမ်း ဆောင်ရွက်နေမှု၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ယခုတံတားသစ်တည်ဆောက်ရေးလုပ်ငန်းသည် မြန်မာအင်ဂျင်နီယာများအတွက် နည်းပညာအတွေ့အကြုံများရရှိသည့်အတွက် များစွာအကျိုးရှိပါကြောင်း၊  လုပ်ငန်းများအချိန်မီပြီးစီးရန် လုပ်ငန်းစီမံချက်အတိုင်း တိကျစွာဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားပြီး   တံတားတည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။

ခန်းဖွင့်အကျယ်ဆုံးတံတား

ဂျိုင်း(ဇာသပြင်)တံတားကို JICA ODA Loan ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တံတားအမျိုးအစားမှာ သံမဏိကြိုးဆိုင်းတံတား(Cable-stayed Bridge) ဖြစ်၍ တည်ဆောက်ပြီးစီးပါက လက်ရှိမြန်မာနိုင်ငံတွင်ခန်းဖွင့်အကျယ်ဆုံးတံတားဖြစ်လာမည်ဖြစ်သည်။

ထို့ပြင် ဂျိုင်း(ဇာသပြင်) တံတားတည်ရှိသည့် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးသည် မြန်မာ၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ် စသည့် အာဆီယံနိုင်ငံများအကြား အဓိကဆက်သွယ်သောလမ်းမကြီးဖြစ်သည့်အတွက် တိုးတက်များပြားလာသည့် ယာဉ်စီးရေအဆင်ပြေလွယ်ကူစွာသွားလာနိုင်ရန်နှင့် တန် ၆၀ ကားများ ဖြတ်သန်းသွားလာနိုင်စေရန် အဓိကရည်ရွယ်အဆင့်မြှင့်တင်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 22, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on Oct 21, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။


Posted on Oct 20, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Oct 19, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။


Posted on Oct 18, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


Posted on Oct 17, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Oct 22, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

တင်ဒါအောင်မြင်သူစာရင်းထုတ်ပြန်ကြေညာခြင်း

Posted on Oct 21, 2025

တင်ဒါအောင်မြင်သူစာရင်းထုတ်ပြန်ကြေညာခြင်း

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း

Posted on Oct 21, 2025

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း

HOT NEWS
January 4,