ဒုတိယဝန်ကြီး ဦးမျိုးမြင့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကျင်းပမည့် သမိုင်းဝင်အဆောက်အအုံများ ပြုပြင်မွမ်းမံထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးမျိုးမြင့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကျင်းပမည့် သမိုင်းဝင်အဆောက်အအုံများ ပြုပြင်မွမ်းမံထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 24, 2026
image_latest


နေပြည်တော် ဧပြီ ၂၃

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ကျင်းပမည့် သမိုင်းဝင်အဆောက်အအုံများနှင့်လမ်းများ ပြုပြင်မွမ်းမံထိန်းသိမ်းရေးလုပ်ငန်း ဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ရန်ကုန်မြို့တော်ဝန်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အတူ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့(၂)က တာဝန်ယူ ပြုပြင်မွမ်းမံဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ခံအင်ဂျင်နီယာက ရရှိရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၊ ကမ္ဘာအေးမဟာသိမ်တော်ကြီး၊ ပုဗ္ဗဝိဒေဟ ကျောင်းဆောင်၊ ဥတ္တရကုရုကျောင်းဆောင်၊ အပရဂေါယာနကျောင်းဆောင်၊ ဇမ္ဗု့ဒီပကျောင်း ဆောင်၊ ပုံနှိပ်တိုက်၊ ဘဲဥပုံသဏ္ဌာန်ကန်တော်၊ ဗုဒ္ဓသာသနာ့ဆေးရုံ၊ ကမ္ဘာအေးမဟာသိမ်တော်ကြီး၊ ဆသင်္ဂါယနာမော်ကွန်းပြတိုက်၊ ဗုဒ္ဓပြတိုက်၊ သုတေသနပိဋကတ်တိုက် စသည့်နေရာများတွင် ပြုပြင် မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်ထားမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကျင်းပရာတွင် ပြည်ပနိုင်ငံများမှ ဧည့်သည်တော်များကို ဖိတ်ကြားမည်ဖြစ်သည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် သမိုင်းဝင်အထင်ကရအဆောက်အအုံများ ပြင်ဆင်ရာ၌ ရှေးမူလက်ရာများကို မပျက်စီးစေအောင် ထိန်းသိမ်း၍ ခေတ်နှင့်လျော်ညီသည့်စနစ်များနှင့် ရေရှည်တည်တံ့ ကောင်းမွန်စေမည့်စနစ်များဖြင့် ယဉ်ကျေးမှုဗိသုကာများနှင့်အညီ ဆောင်ရွက်သွားရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုသည့်ပစ္စည်းများ အမျိုးအစားမှန်ကန်ပြီး အရည်အသွေးစံချိန်စံညွှန်းပြည့်မီစေရန် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းပြီးစီးမှု ဟန်ချက်ညီစေရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ပြီး နိုင်ငံ့ဘဏ္ဍာရန်ပုံငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ ဆပ်ကော်မတီ၏လုပ်ငန်းများ သတ်မှတ်အချိန်အတွင်းပြီးစီးရေး ဆောင်ရွက်ရ မည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လုပ်ငန်းခွင်အတွင်း အသေးစိတ်လိုက်လံကြည့်ရှု စစ်ဆေးပြီး ကဏ္ဍအလိုက်လုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီပြီးစီးစေရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာဆပ်ကော်မတီအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 26, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Posted on Apr 25, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Posted on Apr 24, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Posted on Apr 23, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 22, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on Apr 21, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

Posted on Apr 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူထားသူဆလိုင်းရန်လင်းမာန်၏ Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်း ထန်းစန်းငါ၏ KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင်၏ မျက်မှောက်ခေတ်(Nowadays News) သတင်းအေဂျင်စီတို့သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကိုရေးသားလွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၎င်းတို့အား ထုတ်ပေးထားသည့် သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်သိမ်း လိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါသည်။

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

Posted on Apr 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

Posted on Apr 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆