ဒုတိယဝန်ကြီး ဦးမျိုးမြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများ၊ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးမျိုးမြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများ၊ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 23, 2026
နေပြည်တော် မေ ၂၂
ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကြီးကြပ်ထိန်းသိမ်းရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယနေ့နံနက်ပိုင်းက မန္တလေး-လားရှိုးလမ်းမကြီးမှ ဗဟိုမီးသတ်သင်တန်းကျောင်း အဝင်လမ်းလမ်းသစ်ဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ရတနာပုံဆိုက်ဘာ စီးတီးစီမံကိန်းလုပ်ငန်းခွင် အစည်းအဝေးခန်းမ၌ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး စီမံကိန်းဧရိယာအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများအား သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ချမှတ်ထားသော မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုရှိစေရေး အလေးထားလိုက်နာဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ရတနာပုံဆိုက်ဘာ စီးတီးစီမံကိန်းပြင်ဆင်ထိန်းသိမ်းရေးအဖွဲ့မှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြီးကြပ်၍ Oriental Highway Co.,Ltd. က ဆောင်ရွက်လျက်ရှိသည့် အနီးစခန်းလေဆိပ်အနီး မန္တလေး-လားရှိုး-မူဆယ် လမ်းအပိုင်း မိုင် (၃၄/၀ - ၃၄/၃) အတွင်း ၄၈ ပေအကျယ် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Posted on Jan 31, 2025၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Posted on Jul 19, 2024
