ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ပို့ကုန်/သွင်းကုန် လုပ်ငန်းဆောင်ရွက်နေမှု၊ ခရီးသည်ဝင်/ထွက်သွားလာမှုအား ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ပို့ကုန်/သွင်းကုန် လုပ်ငန်းဆောင်ရွက်နေမှု၊ ခရီးသည်ဝင်/ထွက်သွားလာမှုအား ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 04, 2026
image_latest


ရန်ကုန် မေ ၃

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေကြောင်းပို့ကုန်/ သွင်းကုန်ကုန်ပစ္စည်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြည်ပခရီးသည် ဝင်/ထွက်သွားလာမှုနှင့် စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သွင်းကုန်အစည်းအဝေးခန်းမ၌ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ ဌာနဆိုင်ရာများအားလုံးပူးပေါင်းဆောင်ရွက်သွားရန်၊ ပူးပေါင်းအဖွဲ့ဝင်များအနေဖြင့် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အားနည်းချက်၊ အားသာချက်များကို လစဉ်ညှိနှိုင်းအစည်းအဝေးပြုလုပ်၍ သုံးသပ်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းတာဝန်များကို အဂတိတရားကင်းရှင်းစွာ စေတနာထား၍ ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေကြောင်းပို့ကုန်/သွင်းကုန် ကုန်ပစ္စည်းစစ်ဆေးမှုနှင့် ပြည်ပခရီးသည် ဝင်/ထွက်သွားလာမှု စစ်ဆေးဆောင်ရွက်နေခြင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်) ဇေယျာသီဟအစည်းအဝေးခန်းမ၌ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပြည်ပအစည်းအဝေးနှင့် ညီလာခံများ တက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသော ဝန်ထမ်းများက ပြည်ပအတွေ့အကြုံများကို ရှင်းလင်းတင်ပြမှုနှင့် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Posted on May 04, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on May 03, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Posted on May 02, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Posted on May 01, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Posted on Apr 30, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 29, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

Posted on May 1, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။