ဒုတိယ၀န်ကြီး ဦးဇင်မင်းထက် ၂၀၂၅ ခုနှစ် (၁၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားသို့ တက်ရောက်ပြီး အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကြည့်ရှုအားပေး

ဒုတိယ၀န်ကြီး ဦးဇင်မင်းထက် ၂၀၂၅ ခုနှစ် (၁၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားသို့ တက်ရောက်ပြီး အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကြည့်ရှုအားပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 22, 2025
image_latest


ရန်ကုန် ဇွန် ၂၁

၂၀၂၅ ခုနှစ် (၁၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakuri နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ Emcee, Director, Dr. Ashish Kumar က နှုတ်ခွန်းဆက်စကားပြောကြား၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur co အမှာစကားပြောကြားပြီး ယောဂကျင့်စဉ်သမိုင်းကြောင်းကို Video Clip ဖြင့်ပြသကာ သင်တန်းကျောင်းမှ ဆရာမနှစ်ဦးက ယောဂကျင့်စဉ်များကို ဦးဆောင်သရုပ်ပြသသည်။

ယင်းနောက် Emcee, Director, Dr.Ashish Kumar က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Abhay Thakur က အမှတ်တရလက်ဆောင်ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မင်္ဂလာတောင်ညွန့် မြို့နယ်အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံသို့ ရောက်ရှိပြီး အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲတွင် ပဏာမလက်ရွေးစင် ဘော်လီဘော (ခ) အသင်းနှင့် (ဂ) အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုရရှိသည့် အသင်းတို့မှ အားကစားသမားများကို တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 01, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 29, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Posted on Jun 28, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Posted on Jun 27, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း

Posted on Jul 1, 2025

အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း

အမည်မည်းစာရင်းကြေညာခြင်း

Posted on Jul 1, 2025

​​​​​​​၁။      နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၃ဝ) ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၆ဝ) ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်း သတ်မှတ်ထားပါသည်။