နိုင်ငံတစ်ဝန်းအသိပညာတိုးပွားရေး ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေး

နိုင်ငံတစ်ဝန်းအသိပညာတိုးပွားရေး ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 09, 2024
image_latest


မြတ်စွာဘုရားရှင်ဟောကြားခဲ့သည့် “အတ္တာဟိအတ္တနောနာထော” ဆိုသည့်အတိုင်း လူတို့သည် မိမိကိုယ်သာကိုးကွယ်ရာ၊ မိမိကိုယ်သာအားထားရာဖြစ်သည်။ မိမိစွမ်းဆောင်နိုင်မှုသည် မိမိကိုယ်တိုင်သာဖြစ်သည်။ စွမ်းဆောင်နိုင်သည့် လူသားတစ်ဦးဖြစ်ရန်အတွက် ကိုယ်ပိုင်အသိပညာဗဟုသုတများ ပြည့်စုံနေရန်လိုအပ်သည်။ လူတိုင်းလူတိုင်းသည် အရည်အချင်းကိုယ်စီရှိကြသော်လည်း အသိဉာဏ်ပညာ၊ ဗဟုသုတအနည်းအများပေါ်တွင် မူတည်၍ စွမ်းဆောင်နိုင်မှုအရည်အချင်းကွာခြားပေသည်။

အသိပညာဗဟုသုတတို့ကို စာပေဖတ်ရှုဆည်းပူးလေ့လာခြင်းဖြင့် ရရှိနိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံတွင် ပညာရည်မြင့်မားသော၊ အသိပညာဗဟုသုတကြွယ်ဝသော နိုင်ငံသားများ များပြားပါမှ ထိုနိုင်ငံရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားပြီး နိုင်ငံလည်း အစဉ်တိုးတက်နေမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပညာတတ်မြောက်မှု နိမ့်ကျနေဆဲဖြစ်၍ ပညာတတ်မြောက်မှုမြင့်မားလာအောင် အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည်။ နိုင်ငံသူ နိုင်ငံသားအများစုမှာ အသိပညာဗဟုသုတကြွယ်ဝမှု၌ အားနည်းမှုများရှိပြီး အဓိကအကြောင်းရင်းမှာ လေ့လာဆည်းပူးနိုင်သည့် ဝန်းကျင်ကောင်းများ နည်းပါးနေခြင်းကြောင့်ဟုဆိုနိုင်သည်။

နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများဖြစ်သည်။ ကျေးလက်နေပြည်သူအများစုမှာ ပညာရေးနှင့်အလှမ်းဝေးပြီး အသိအမြင်ဗဟုသုတ လိုအပ်ချက်များရှိနေသည်။ လူမှုစီးပွားဘဝ နိမ့်ကျမှုကြောင့် ပညာနှင့်အလှမ်းဝေးနေသလို ပညာနှင့်အလှမ်းဝေးနေသောကြောင့် လူမှုစီးပွားဘဝနိမ့်ကျနေရခြင်းလည်းဖြစ်သည်။ ထို့ကြောင့် ကျေးလက်နေပြည်သူများ ပညာသင်ကြားနိုင်မှု အခြေအနေများ တိုးတက်လာရေး၊ အသိပညာဗဟုသုတများ မြင့်မားလာရေးအတွက် စာအုပ်စာပေများဖတ်ရှုနိုင်သည့် စာကြည့်တိုက်များဖွံ့ဖြိုးရေး၊ ကျေးလက်ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန် စာဖတ်ရှိန်မြှင့်တင်ရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိပြီး မြို့ပေါင်း ၄၇၁ မြို့ရှိသဖြင့် မြို့စုစုပေါင်း ၈၀၁ မြို့ရှိသည်။ မြို့ပေါင်း ၈၀၀ ကျော်တွင် ရပ်ကွက်ပေါင်း ၃၄၈၅ ခု၊ ကျေးရွာအုပ်စုပေါင်း ၂၃၉၁၀၊ ကျေးရွာပေါင်း ၆၃၂၁၀ ရှိသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စံငါးချက်နှင့်ကိုက်ညီသည့် ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်ပေါင်း ၆၁၀၆ ခုရှိရာ လက်ရှိအခြေအနေအရ စာကြည့်တိုက် ၃၅၀၈ ခု သာကျန်ရှိပြီး စာကြည့်တိုက် ၂၅၉၈ ခုမှာ ရပ်နားထားကြောင်း သိရှိရသည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် စာကြည့်တိုက်များ ကွက်လပ်ဖြစ်နေသဖြင့် ပြည်သူများအနေဖြင့် စာကြည့်တိုက်များနှင့် အလှမ်းဝေးလျက်ရှိသည်။

နိုင်ငံတစ်ဝန်းလုံး၌ စာကြည့်တိုက်ပေါင်းများစွာ ဖွင့်လှစ်ပေးရန်နှင့် စာကြည့်တိုက် အင်္ဂါရပ်များနှင့်ပြည့်စုံသည့် အဆောက်အအုံများနှင့် လိုအပ်သောအသုံးအဆောင်ပစ္စည်းများ၊ စာအုပ်စာစောင်များ ဖြည့်ဆည်းပေးရန်လိုအပ်လျက်ရှိသည်။ နိုင်ငံလူဦးရေအများစုဖြစ်သည့် ကျေးလက်ဒေသများ၏ အခြေခံစီးပွားရေးလုပ်ငန်းများမှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများဖြစ်၍ အဆိုပါလုပ်ငန်းများကို လုပ်ကိုင်ကြသော ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတများရရှိနိုင်မည့် စာအုပ်စာစောင်များရှိသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာရန် လိုအပ်လျက်ရှိသည်။ ပညာရပ်အလိုက် ဗဟုသုတရရှိနိုင်မည့် စာကြည့်တိုက်များ ဖွံ့ဖြိုးလာအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

နိုင်ငံ၏လိုအပ်နေသောကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံတော်အကြီးအကဲက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာရေးကို အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဦးဆောင်ဦးရွက်ပြုပြီး စာအုပ်စာတမ်းများကို ပေးအပ်လှူဒါန်းခဲ့သည်။ စာကြည့်တိုက်များဖွံ့ဖြိုးရေးအတွက် အလှူငွေများပေးအပ်လှူဒါန်းကြသည်။ နိုင်ငံတစ်ဝန်းလုံး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ခံရရှိသည့်အလှူငွေနှင့် စာအုပ်စာစောင်များကို အသုံးပြုရာတွင် လုပ်ငန်းစဉ် (၄ )ရပ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။

ရပ်နားထားသော စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်ရေးလုပ်ငန်းစဉ်၊ စာကြည့်တိုက်များ အသစ်တည်ထောင်ဖွင့်လှစ်ရေးလုပ်ငန်းစဉ်၊ ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်လုပ်ငန်းစဉ်နှင့် စာအုပ်စာစောင်များ ဖြန့်ဝေပေးမည့်လုပ်ငန်းစဉ်(၄)ရပ်တို့ကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။ စာကြည့်တိုက်များသည် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန် ဖန်တီးပေးခြင်းသာဖြစ်သည်။ ပြည်သူများအနေဖြင့် အသိပညာဗဟုသုတများရရှိစေရန် စာဖတ်သည့် အလေ့အထကောင်းများကို ကိုယ်တိုင်ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပျိုးထောင်ရေးအတွက် လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြစေရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရန်၊ စာအုပ်စာပေနှင့်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတော်နှင့်အတူ ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။


၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


Posted on May 20, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Posted on May 19, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Posted on May 18, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Posted on May 17, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Posted on May 16, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 15, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

HOT NEWS
January 4,