နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၇) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၇) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 29, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၉

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့်လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၇) သင်တန်းဆင်းပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီး၌ ကျင်းပပြုလုပ်ကြသည်။ အဆိုပါသင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။

ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆု များဖြစ်သည့် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင်အကောင်းဆုံးဆု ရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

သင်တန်းဆင်းပွဲအခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၇) မှ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံအမှာစကား ပြောကြားကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၇) မှ သင်တန်းသားများကို ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်စသည့် ဘာသာရပ်များနှင့် အထွေထွေဘာသာရပ်များကို အဆင့်ဆင့် လေ့ကျင့်သင်ကြားပေးခဲ့ကြကြောင်း သိရှိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ - ၃၈၅ တွင် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ-၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်သည်။

ယနေ့တွင် သင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းစစ်သည်များသည်လည်း အဖွဲ့အစည်းဖြင့် စည်းစနစ်ကျစွာလုပ်ကိုင် ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ (TeamWork) ရရှိခဲ့ပြီး နိုင်ငံချစ်စိတ် (Nationalism)၊ မျိုးချစ်စိတ် (Patriotism)၊ အဖွဲ့အစည်းစိတ် (Team Sprit)၊ ရဲဘော်ရဲဘက်စိတ် (esprit de corps) အပြည့်ဖြင့် တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးသို့ သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာ ထမ်းဆောင်ကြတော့ မည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၇)တွင် တက်ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက်တာဝန်ထမ်းဆောင်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ကြားသိရပါတယ်။

၁။ လာရောက်တက်ဖြစ်တာကတော့ မိဘတွေလည်း သဘောတူညီမှုရှိပါတယ်။ ကျွန်တော့်စိတ်ဆန္ဒတစ်ခုကြောင့်လည်း တက်ရောက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ အခုလိုသင်တန်းကြီး ပြီးဆုံးသွားပြီးဆိုတော့ ပိတိလည်းဖြစ်ပါတယ်။ အရမ်းလည်းကျေနပ်အားရပါတယ်။ တပ်မတော်သားကောင်းတစ်ယောက်ဖြစ်အောင် နိုင်ငံတော်ကပေးအပ်တဲ့တာဝန်ကို ကျေပွန် အောင်ထမ်းဆောင်မယ့် တပ်မတော်သားတစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။

၂။ သင်တန်းဆင်းရတာ ပျော်တော့ပျော်ပါတယ်။ ဒါပေမယ့် ခွဲခွာရတဲ့အချိန်ကျ တစ်ယောက်နဲ့တစ်ယောက် ဝမ်းနည်းမိတယ်။ ဘယ်လိုသင်ခန်းစာတွေရလဲဆိုတော့ ကြုံတွေ ရတဲ့အချိန်မှာတော့ ကျွန်တော်သဘောကျပါတယ်။ Uniform ဝတ်တာအစ သဘောကျပါတယ်။ ကျွန်တော်လည်းစစ်သားကောင်းတစ်ယောက် ပီသစွာ နေထိုင်ကျင့်ကြံမယ်လို့ ကျွန်တော်လည်း ဆုံးဖြတ်ချက် ချထားပါတယ်။ စစ်သားဆိုတာတော့ ကျရာနေရာမှာ တာဝန်ကျေပွန်အောင် ထမ်းဆောင်ရမယ်။ ဒီနေရာမသွားနဲ့ဆို မသွားရဘူး။ ဒီနေရာသွားဆိုသွားမယ်။ ဒါလုပ်ဆိုလုပ်လိုက်မယ်၊ ဒါမလုပ်နဲ့ဆို မလုပ်ဘူး။ စစ်သားကောင်းတစ်ယောက်ပိသ စွာနေထိုင်မယ်လို့ ကျွန်တော်ခံယူထားပါတယ်။

ထို့နောက် ညပိုင်းတွင် သင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၇) မှ နိုင်ငံ့သားကောင်းစစ်သည်များကို သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲများ ပြုလုပ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။


၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Posted on Dec 30, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


Posted on Dec 29, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Dec 28, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


Posted on Dec 27, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။


Posted on Dec 26, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။


Posted on Dec 25, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Posted on Dec 28, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Posted on Dec 28, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Posted on Dec 28, 2025

ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

HOT NEWS
January 4,