နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်များသို့ သွားရောက်ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်များသို့ သွားရောက်ကြည့်ရှုအားပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 16, 2024
image_latest


နေပြည်တော် ဧပြီ ၁၆

မြန်မာသက္ကရာဇ် (၁၃၈၅) ခုနှစ်၊ မြန်မာ့ရိုးရာမဟာအတာသင်္ကြန် အတက်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ လိုက်ပါ၍ ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဗိုလ်လောင်းများ၏ ပျော်ရွှင်စွာရေသဘင်ပွဲတော် ဆင်နွှဲနေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည် တပ်မတော်နည်းပညာတက္ကသိုလ် နှစ်ဦးတီထွင်အတာသဘင် မဟာသင်္ကြန်ရေသဘင်မဏ္ဍပ်သို့ ရောက်ရှိကြရာ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ ဗိုလ်လောင်များ၏တေးသီချင်းများ သီဆိုဖျော်ဖြေမှုများ၊ တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများနှင့်အတူ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲနေမှုများအား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည် ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲနေကြသည့် ဗိုလ်လောင်းများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ယိမ်းအဖွဲ့များအား အတာရေများ ပက်ဖျန်းကြပြီး သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည်မိသားစုများအား ဂုဏ်ပြုဆုငွေများ‌ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည် ခါတော်မီမိသားစုအတာရေသဘင်မဏ္ဍပ်သို့ ရောက်ရှိကြရာ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သောင်းသောင်းဖြဖြ လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများနှင့်အတူ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနေမှုများအား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည် ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲနေကြသည့် အရာရှိကြီးများအား အတာရေများ ပက်ဖျန်းကြပြီး သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ဂုဏ်ပြုဆုငွေများ‌ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်တပ်နယ်ရှိ ရေနန်းချယ်ရီမိသားစုအတာရေသဘင်မဏ္ဍပ်သို့ ရောက်ရှိကြပြီး အရာရှိ၊ စစ်သည်၊ မိသားစု သင်္ကြန်ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနေမှုများကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည် ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနေကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား အတာရေများ ပက်ဖြန်းပေးခဲ့ကြကြောင်းနှင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည် မိသားစုများအား ဂုဏ်ပြုဆုငွေများ‌ ပေးအပ်ချီးမြှင့်ခဲ့သည်။

နေ့လယ်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည် စစ်တက္ကသိုလ်ရှိ ချယ်ရီအားမာန် နှစ်ဦးသင်္ကြန် မိသားစုရေသဘင်မဏ္ဍပ်သို့ ရောက်ရှိရာ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ ဗိုလ်လောင်များ၏ တေးသီချင်းများ သီဆိုဖျော်ဖြေမှုများ၊ တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများနှင့်အတူ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲနေမှုများအား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည် ရေသဘင်ပွဲတော်ကို ပျော်ရွင်စွာဆင်နွှဲနေကြသည့် ဗိုလ်လောင်းများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ယိမ်းအဖွဲ့များအား အတာရေများ ပက်ဖျန်းကြပြီး သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည် မိသားစုများအား ဂုဏ်ပြု ဆုငွေများ‌ ပေးအပ်ချီးမြှင့်ခဲ့သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်တပ်နယ်အတွင်းရှိ ရေသဘင်မဏ္ဍပ်များသို့ သွားရောက်ကြည့်ရှုအားပေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ယိမ်းအဖွဲ့များအား အတာရေများ ပက်ဖျန်းကြကာ သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည်မိသားစုများအား ဂုဏ်ပြုဆုငွေများ‌ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။


၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


Posted on Apr 29, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 28, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Posted on Apr 27, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Posted on Apr 26, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Posted on Apr 25, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 24, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ တင်ဒါခေါ်ယူခြင်းနှင့် ဈေးနှုန်းအဆိုပြုလွှာ လျှောက်လွှာခေါ်ယူခြင်း

Posted on Apr 26, 2024

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ တင်ဒါခေါ်ယူခြင်းနှင့် ဈေးနှုန်းအဆိုပြုလွှာ လျှောက်လွှာခေါ်ယူခြင်း

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Posted on Apr 27, 2024

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

HOT NEWS
January 4,