နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 25, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၅

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော်လေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kantha ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ်စစ်သံမှူးတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်နှင့် လေတပ်တို့အကြား အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်လျက်ရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့မှုနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် ပြည်သူများအနေဖြင့် အားတတ်သရော ပါဝင်ဆန္ဒမဲပေးခဲ့ကြပြီး ယခုအချိန်အထိ အဆိုပါရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြီးမားသည့်ကန့်ကွက်မှုများမရှိခြင်းကြောင့် အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပနိုင်ခဲ့မှုအခြေအနေများ၊ မကြာမီကာလအတွင်း လွှတ်တော်ကျင်းပဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံရေးအစိုးရများ မည်သို့ပင်ပြောင်းလဲသည်ဖြစ်စေ တပ်မတော်သည် ပြောင်းလဲမှုမရှိခြင်းကြောင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် တပ်မတော်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။


၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 25, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Feb 24, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Feb 23, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 22, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Posted on Feb 21, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Posted on Feb 20, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

Posted on Feb 24, 2026

ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နှင့် Grade-9 စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ရှိ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် Grade-5 ကျောင်းသား ကျောင်းသူ (၇၂)ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၈၉)ဦး စုစုပေါင်း(၁၆၁)ဦးတို့သည် ဖြေဆိုခွင့်ကတ်ပြားများ လက်ဝယ်ရှိသော်လည်း စာစစ်ဌာနသို့ သွားရောက်ဖြေဆိုရာတွင် ဖြေဆိုခွင့်မရရှိခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။

အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း

Posted on Feb 24, 2026

အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Feb 24, 2026

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။