နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် Unique ID ထုတ်ပေးရေးလုပ်ငန်းကို လမင်းစီမံချက်ဖြင့် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်သွားမည်
နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် Unique ID ထုတ်ပေးရေးလုပ်ငန်းကို လမင်းစီမံချက်ဖြင့် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်သွားမည်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 29, 2026
နေပြည်တော် ဧပြီ ၂၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း ပြည်သူများအတွက် လက်ငင်းအကျိုးဖြစ်ထွန်းစေမည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် Unique ID ထုတ်ပေးရေးလုပ်ငန်းကို လမင်းစီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးလင်းဇော်ထွန်းနှင့် ဒေါက်တာခိုင်ခိုင်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏မိန့်ခွန်းပါ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း ဝန်ကြီးဌာနအနေဖြင့် အသက် (၁၈) နှစ် ပြည့်ပြီးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် နိုင်ငံသားများ၊ အသက် (၁၀) နှစ်ပြည့် ကျောင်းသား ကျောင်းသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် Unique ID ကောက်ယူခြင်းလုပ်ငန်းကို လမင်းစီမံချက်ဖြင့် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ရက် (၁၀၀) လမင်းစီမံချက်ကာလအတွင်း မြို့နယ်ရုံးများ၏ အပြင်အဆင်၊ ပြည်သူအတွက် ဧည့်ကြိုဝန်ထမ်းထားရှိရေး၊ ပြည်သူနားနေဆောင်ထားရှိရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မှန်ကန်မြန်ဆန်စွာဆောင်ရွက်ရေး အလေးအနက်ထား မှာကြားလိုကြောင်း၊ လုပ်ငန်းများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဌာနများနှင့် ကြိုတင်ပြင်ဆင်ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအတွက် လိုအပ်သည့် အထောက်အထားများ ကြိုတင် စီစဉ်ဆောင်ရွက်ထားနိုင်ရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကိုလည်း ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန် အရေးကြီးပါကြောင်း။
သဘာဝဘေးနှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး၊ ပျက်စီးသူများ၊ အထောက်အထားမပြည့်စုံသူများကို မိမိတို့ဝန်ထမ်းများက သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာမြို့နယ်အဆင့် ငါးဦးကော်မတီဖြင့် စိစစ်အတည်ပြု၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ထုတ်ပေးကာ UID တစ်ပါတည်းကောက်ယူဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အား လမင်းစီမံချက်ဖြင့် အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးသော်လည်း လုပ်ငန်းများပြီးစီးခြင်းမရှိပါက လုပ်ငန်းကာလထပ်မံတိုးမြှင့်ကာ လျာထားချက်ပြည့်မီအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနှင့်ပတ်သက်သည့် အစီရင်ခံစာထုတ်ပြန်ခြင်းလုပ်ငန်းများကိုလည်း ယခု ရက် (၁၀၀) ကာလအတွင်း နိုင်ငံနှင့်ပြည်သူအကျိုးကိုရှေးရှုကာ ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လမင်းစီမံချက်အောင်မြင်ရေးအတွက် ယခုအစည်းအဝေးတွင် လုပ်ငန်းလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန်နှင့် လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လက်ရှိ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားကတ်နှင့် UID ကောက်ယူဆောင်ရွက်မည့် အခြေအနေများ၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းကဏ္ဍ အလိုက်ဆောင်ရွက်နေမှုများ၊ ပြည်သူအတွက် လက်ငင်းဦးစားပေးလုပ်ငန်းများကို လမင်းစီမံချက်ဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးကြပြီး ဒုတိယဝန်ကြီးများက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
Posted on Apr 27, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
Posted on Apr 27, 2026ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
Posted on Apr 27, 2026ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
