နိုင်ငံတော်အတွက် ဆုတံဆိပ်များရယူ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်
နိုင်ငံတော်အတွက် ဆုတံဆိပ်များရယူ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 09, 2026
(၈)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ၊ (၁၆)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၊ (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ တို့တွင် မြန်မာအားကစားအဖွဲ့များအနေဖြင့် ရွှေတံဆိပ် ၂၆ ခု၊ ငွေတံဆိပ် ၄၇ ခု၊ ကြေးတံဆိပ် ၇၇ ခု စုစုပေါင်း ဆုတံဆိပ် ၁၅၀ ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် ပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် အုပ်ချုပ်/နည်းပြအဖွဲ့ ၂၈ ဖွဲ့အတွက် နိုင်ငံတော်က စုစုပေါင်းသိန်းပေါင်း ငွေကျပ် ၃၆၆၉၀ ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
နိုင်ငံတော်အနေဖြင့် နိုင်ငံတကာပြိုင်ပွဲအသီးသီးတွင် အားကြိုးမာန်တက် ယှဉ်ပြိုင်ခဲ့ကြသူများအား တစ်ဦးချင်းပြိုင်ပွဲများ၌ ရွှေတံဆိပ်ရရှိသူအား ကျပ်သိန်း ၃၀၀၊ ငွေတံဆိပ်ရရှိသူအား ကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်ရရှိသူအား ကျပ်သိန်း ၁၀၀၊ အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးအား ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိကြသည့် အသင်းသားတစ်ဦးအား ကျပ်သိန်း ၇၀၊ ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးအား ကျပ် ၃၅ သိန်း၊ အားကစားနည်း အလိုက် တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် နည်းပြများကို ရွှေတံဆိပ်အတွက် နည်းပြတစ်ဦးလျှင် ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်အတွက် ကျပ်သိန်း ၅၀၊ ကြေးတံဆိပ်အတွက် ကျပ်သိန်း ၃၀ စီနှင့် အားကစားနည်းအလိုက် အုပ်ချုပ်မှုအဖွဲ့များအားလည်း ရွှေတံဆိပ်အတွက် ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်အတွက် ကျပ်သိန်း ၅၀၊ ကြေးတံဆိပ်အတွက် ကျပ်သိန်း ၃၀ စီ ဂုဏ်ပြုချီးမြှင့်ခဲ့သည်ကို ဝမ်းမြောက်ဖွယ်တွေ့ရသည်။
နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ဖေဖော်ဝါရီ ၇ ရက်က ကျင်းပပြုလုပ်သည့် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ယခုကဲ့သို့ အားကစားပြိုင်ပွဲ များတွင် နိုင်ငံတော်အတွက် ဆုတံဆိပ်များ ရယူပေးနိုင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးရာရောက်သည့်အပြင် နိုင်ငံတကာအလယ်တွင် အမိမြန်မာနိုင်ငံတော်အလံကိုလွှင့်တင်ပြီး နိုင်ငံတော်သီချင်းသံလွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများလည်း ဖြစ်ကြပါကြောင်း၊ ထို့ကြောင့် အုပ်ချုပ်သူနည်းပြများအပါအဝင် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များကို ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ရခြင်းပင်ဖြစ်ကြောင်း”ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပခဲ့သည့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲများတွင် မြန်မာအားကစားအဖွဲ့များက နိုင်ငံတော်အတွက် ရွှေ၊ ငွေ၊ ကြေးတံဆိပ်ဆုများရရှိအောင် ရေကုန်ရေခန်း ကြိုးပမ်းယှဉ်ပြိုင်ခဲ့ကြသဖြင့် နိုင်ငံတကာအလယ်တွင် မြန်မာ့ဂုဏ်ကို အားကစားဖြင့်မြှင့်တင်ပေးနိုင်ခဲ့သလို ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်အစိုးရက ထိုက်ထိုက်တန်တန် ပြန်လည်ဂုဏ်ပြု ချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။ အားကစားအဖွဲ့ချုပ်များနှင့် အားကစားမောင်မယ်များအနေဖြင့် ယခုကဲ့သို့ အားကစားနည်းအလိုက် ယှဉ်ပြိုင်ခဲ့ကြသည့်အပေါ်တွင် အားသာချက်၊ အားနည်းချက်များကိုထုတ်ဖော်၍ နောင်လာမည့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံအတွက် ရွှေ၊ ငွေ၊ ကြေး တံဆိပ်ဆုများ ပိုမိုဆောင်ကြဉ်းပေးနိုင်မည့် စိတ်ဓာတ်ခွန်အား တွန်းအားများ တိုးပွားလာမည်ဟု ယုံကြည်သည်။
နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍ မြင့်မားတိုးတက်လာအောင် အဘက်ဘက်တွင် အားပေးမြှင့်တင် ဖြည့်ဆည်းပေးလျက်ရှိရာ မျက်မှောက်ကာလ တွင် ယခင်ကာလများနှင့်မတူ အားကစားနည်းအလိုက် တိုးတက်အောင်မြင်မှုများ ရရှိလာသည်ကိုတွေ့ရသည်။ အချို့အားကစားနည်းများတွင် တစ်ဦးမကျန် ရွှေတံဆိပ်ဆုများ ထူးထူးခြားခြားရရှိခဲ့သည်ကို တွေ့ရသကဲ့သို့ အချို့အားကစားနည်းများတွင် ရွှေတံဆိပ်ဆုများ မရရှိခဲ့သော်လည်း ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး နိုင်ငံတော်အတွက် အမြင့်ဆုံး အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ကြသည်ကို တွေ့ရသည်။ အချို့ပြိုင်ပွဲများတွင် တစ်ဖက်အသင်းနှင့် အစွမ်းအစကွာခြားမှု ကြီးကြီးမားမားမရှိဘဲ အခြေအနေအရ လွဲချော်ခဲ့သည်ကို တွေ့ရသည်။
မည်သို့ပင်ဖြစ်စေ မြန်မာအားကစားအဖွဲ့များသည် နိုင်ငံတော်၏ အားပေးမြှင့်တင်ဂုဏ်ပြုချီးမြှင့်ပေးမှုများဖြင့် စိတ်ဓာတ်ခွန်အားများ မြင့်မားခိုင်ကျည်ကြကာ ရွှေတံဆိပ်မရရှိခဲ့သော အားကစားနည်းတွင် အားနည်းချက်များကိုရှာဖွေ၍ ဆက်လက်မြှင့်တင်ကြိုးစားကြပြီး ရွှေတံဆိပ်ဆုများရရှိခဲ့သည့် အားကစားအဖွဲ့များအနေဖြင့် ယခုထက် ပိုမိုအောင်မြင်မှုများရရှိအောင် ဆက်လက်ကြိုးပမ်းကြကာ အားကစားဖြင့် နိုင်ငံ့ဂုဏ်မြင့်မားတိုးတက်လာအောင် မြှင့်တင်ပေးကြရမည်ဖြစ်ပါကြောင်း။ ။
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Posted on Feb 09, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Posted on Feb 08, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။
Posted on Feb 06, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
Posted on Feb 04, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Feb 04, 2026
တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကြေညာခြင်း
Posted on Feb 8, 2026တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကြေညာခြင်း
တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းထုတ်ပြန်ကြေညာ
Posted on Feb 8, 2026တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းထုတ်ပြန်ကြေညာ
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း
Posted on Feb 5, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း
