နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများဒီပလိုမာသင်တန်း အမှတ်စဉ် (၂) အပိုင်း(၂) သင်တန်းဖွင့်ပွဲ ကျင်းပ

နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများဒီပလိုမာသင်တန်း အမှတ်စဉ် (၂) အပိုင်း(၂) သင်တန်းဖွင့်ပွဲ ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 22, 2025
image_latest


နေပြည်တော်     အောက်တိုဘာ      ၂၁

နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများဒီပလိုမာသင်တန်းအမှတ်စဉ်(၂) အပိုင်း(၂)(Diploma in International Public Sector Accounting Standards - Dip  IPSAS) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဒုတိယဥက္ကဋ္ဌ(၁)ဒေါ်နိုင်သက်ဦး၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးဝမ်းတင်နှင့်ကောင်စီဝင်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့်သင်တန်းသားများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က သင်တန်းမှ IPSAS စာရင်းစံများနှင့်စပ်လျဉ်းသည့်  အသိပညာဗဟုသုတများရရှိမည်ဖြစ်ပြီး ဘဏ္ဍာရေးရှင်းတမ်းများကို ပြုစုရေးဆွဲရာတွင် လိုက်နာကျင့်သုံးခြင်းဖြင့်        ပိုမိုကောင်းမွန်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိသည့်  ဘဏ္ဍာရေးအစီရင်ခံစာများကို  ရေးဆွဲနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင်  မိမိလုပ်ငန်း၏ နှစ်အလိုက်ဘဏ္ဍာရေးရှင်းတမ်းများ၊ အခြားလုပ်ငန်းများ၏ဘဏ္ဍာရေးရှင်းတမ်းများကို နှိုင်းယှဉ်လေ့လာ၍ စိစစ်သုံးသပ်နိုင်မည့်အပြင် ဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည် ပိုမိုပြည့်ဝတိုးတက်လာပြီး ကောင်းမွန်သည့်ဘဏ္ဍာရေးစီမံခန့်ခွဲမှုကိုဖြစ်ပေါ်စေနိုင်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် လေ့လာသင်ယူခဲ့ရသည့် သင်ခန်းစာများအပြင် စာရင်းစံဆိုင်ရာပြောင်းလဲမှုများကို စဉ်ဆက်မပြတ်လေ့လာ၍ လုပ်ငန်းခွင်တွင်အသုံးချခြင်းဖြင့် ဌာန၊ အဖွဲ့အစည်းများမှတစ်ဆင့် နိုင်ငံတော်၏အကျိုးစီးပွားများ ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်သည့် ဝန်ထမ်းများဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်သင်တန်းကျောင်းတာဝန်ခံက သင်တန်းဆိုင်ရာအချက်အလက်များကို  ရှင်းလင်းပြောကြားသည်။

IPSAS သင်တန်းတွင် နိုင်ငံပိုင်ကဏ္ဍအတွက်နိုင်ငံတကာစာရင်းစံ ၁၄ ခု ပို့ချမည်ဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှနှစ်ဦး၊ ဝန်ကြီးဌာန ၁၃ ခုမှ ၂၄ ဦး စုစုပေါင်း သင်တန်းသား ၂၆ ဦး တက်ရောက် ကြကာ သင်တန်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။

IPSAS သင်တန်းကို Batch တစ်ခုလျှင် သင်တန်း level သုံးခုခွဲ၍ သင်ကြားပေးမည်ဖြစ်ပြီး level တစ်ခုချင်းအလိုက် သင်တန်းတက်ရောက် အောင်မြင်သူများကို Certificate လက်မှတ်များ ပေးအပ်ကာ Level- III အထိ တက်ရောက်အောင်မြင်သူများကို ဒီပလိုမာလက်မှတ်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 22, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on Oct 21, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။


Posted on Oct 20, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Oct 19, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။


Posted on Oct 18, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


Posted on Oct 17, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Oct 22, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

တင်ဒါအောင်မြင်သူစာရင်းထုတ်ပြန်ကြေညာခြင်း

Posted on Oct 21, 2025

တင်ဒါအောင်မြင်သူစာရင်းထုတ်ပြန်ကြေညာခြင်း

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း

Posted on Oct 21, 2025

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း

HOT NEWS
January 4,