နိုင်ငံရေးသွတ်သွင်းမှုအပေါ် ပြင်းထန်စွာဆန့်ကျင်ကန့်ကွက်

နိုင်ငံရေးသွတ်သွင်းမှုအပေါ် ပြင်းထန်စွာဆန့်ကျင်ကန့်ကွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 21, 2024
image_latest


မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေနှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂနှင့် နိုင်ငံအချို့ထုတ်ပြန်သည့် ပူးတွဲသတင်းထုတ်ပြန်ချက်ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ နိုင်ငံရေးရာအထူးကိစ္စရပ်များ တာဝန်ခံသံအမတ်က ဇူလိုင်လ ၁၅ ရက်နေ့တွင် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ဖတ်ကြားခဲ့ရာ အခြေအမြစ်မရှိသည့် မမှန်ကန်သော စွပ်စွဲချက်များပါရှိသဖြင့် မြန်မာနိုင်ငံကလက်မခံဘဲ ဇူလိုင်လ ၁၈ ရက်နေ့တွင် ပြင်းထန်စွာကန့်ကွက်ရှုတ်ချခဲ့သည်။

အဆိုပါ ပူးတွဲသတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တစ်ဖက်သတ်စွပ်စွဲချက်များ၊ အခြေအမြစ်မရှိသည့် အထောက်အထားများ၊ မှန်ကန်မှုမရှိသော သဘောထားများပါရှိပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အဆို ၂၆၆၉ တွင်လည်း မြန်မာနိုင်ငံအပေါ် နိုင်ငံရေးသွတ်သွင်းမှု များစွာပါဝင်နေသည်ကိုတွေ့ရသည်။ ကုလသမဂ္ဂတွင် တံခါးပိတ်၊ တံခါးဖွင့် ပြုလုပ်လေ့ရှိသည့် လူ့အခွင့်အရေးဆိုင်ရာ အစည်းအဝေးများတွင်လည်းကောင်း၊ လုံခြုံရေးကောင်စီအစည်းအဝေးများတွင်လည်းကောင်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ တစ်ဖက်သတ် ဖိအားပေးလှုံ့ဆော်မှုများ မဖြစ်မနေပြုလုပ်လေ့ရှိသည်ကို တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများက မေတ္တာရပ်ခံလာသည့် ပြည်တွင်းခရီးသွားလာခွင့်နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဖြန့်ဝေခွင့်တို့ကို လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး အတတ်နိုင်ဆုံး ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်လုံခြုံရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများကို အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်အဖွဲ့အမျိုးမျိုးတို့၏ လူမဆန်သောတိုက်ခိုက် သတ်ဖြတ်မှုများကြောင့် ယနေ့အချိန်အထိ အပြစ်မဲ့ပြည်သူ ရှစ်ထောင်နီးပါး၏ အသက်များဆုံးရှုံးခဲ့ရပြီးဖြစ်သည်။

ကုလသမဂ္ဂတွင်ပြုလုပ်လေ့ရှိသည့် ပူးတွဲသတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံရှိ အကြမ်းဖက်အဖွဲ့များ၏ လူမဆန်သောလုပ်ရပ်များကို မျက်ကွယ်ပြုထားပြီး နိုင်ငံအတွင်းရှိ အပြစ်မဲ့ပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးနေသည့် လုံခြုံရေးအဖွဲ့များကိုမူ ပုံကြီးချဲ့ကား သတင်းမှားများဖြင့် စွပ်စွဲပြောကြားလေ့ရှိသည်ကို ထောက်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံအပေါ် ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရသွတ်သွင်းမှုများ ပြုလုပ်နေသည်မှာထင်ရှားပေသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ့အရေးကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ တည်ဆဲဥပဒေများနှင့် မြန်မာနိုင်ငံ၏ အခြေခံမူဝါဒ ရပ်တည်ချက်များနှင့်အညီ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရသည် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသည့် တိုင်းရင်းသားပြည်သူများကို ခွဲခြားမှုမရှိဘဲ အကူအညီများ အလျင်အမြန်ရောက်ရှိရေး အစဉ်တစိုက်အလေးထားလျက် နိုင်ငံတော်အနေဖြင့်လည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်လည်းကောင်း၊ မြန်မာနိုင်ငံအပေါ် စစ်မှန်ကောင်းမွန်သည့်စိတ်ထားဖြင့် အကူအညီပေးလိုသည့်နိုင်ငံများနှင့်လည်းကောင်း အကောင်းဆုံး ပူးပေါင်းလက်တွဲဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသူများအတွက် အကူအညီများကို အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာနမှတစ်ဆင့် ရယူလျက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ကူညီဆောင်ရွက်မှုများကို အဟန့်အတားဖြစ်အောင် ပြုလုပ်နေသူများမှာ အကြမ်းဖက်သောင်းကျန်းသူများသာဖြစ်သည်။

မကြာသေးမီက ဂျီနီဗာမြို့တွင်ပြုလုပ်ခဲ့သည့် အပြန်အလှန်ဆွေးနွေးပွဲတွင်လည်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူသည် အဖျက်အမှောင့်သတင်းမီဒီယာများ၊ တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့ NUG နှင့်ဆက်နွှယ်နေသော အကြမ်းဖက် PDF အဖွဲ့များ၏ စွပ်စွဲမှုများနှင့် ပုံဖော်ပြောဆို ဝါဒဖြန့်မှုများပါဝင်သည့် အစီရင်ခံတင်ပြချက်များဖြင့် မြန်မာနိုင်ငံကို နိုင်ငံတကာအသိုက်အဝန်းမှ ဖယ်ကြဉ်ရန် သိသာစွာဦးတည်ထားသည်ကိုတွေ့ရသည်။ ယခုလည်း မြန်မာနိုင်ငံကို နိုင်ငံတကာအသိုက်အဝန်းမှ ဖယ်ကြဉ်ရန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့်ပတ်သက်၍ ပူးတွဲစွပ်စွဲပြောကြားမှုများ ပြုလုပ်လာပြန်သည်ကိုတွေ့ရသည်။

အစီရင်ခံစာတင်သွင်းမှုများသည် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် အကြမ်းဖက်အဖျက်သမားများ၏လုပ်ရပ်များကို မျက်ကွယ်ပြုလျက် မြန်မာနိုင်ငံနှင့်ပြည်သူ များအပေါ် အကျိုးထိခိုက်မှုဖြစ်စေသည့် တစ်ဖက်သတ်အရေးယူပိတ်ဆို့မှုများ ဖြစ်ပေါ်လာအောင်၊ တည်ဆဲအစိုးရအခက်အခဲဖြစ်အောင် ရည်ရွယ်ချက်ရှိရှိဆောင်ရွက်မှုများဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် မြေပြင်အခြေအနေမှန်နှင့် ဖြစ်ရပ်မှန်အချက်အလက်များကို ထင်ဟပ်ဖော်ပြခြင်းမရှိသည့် တစ်ဖက်သတ်စွပ်စွဲချက်များနှင့် သတင်းအမှားများကိုအခြေခံပြီး နိုင်ငံရေးအရသွတ်သွင်းမှုကိုဖြစ်စေသည့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့်နိုင်ငံအချို့၏ သတင်းထုတ်ပြန်ချက်များကို လက်မခံ ပြင်းထန်စွာကန့်ကွက်ရှုတ်ချရမည်ဖြစ်ပါကြောင်း။    ။


၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 30, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Posted on Jul 29, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


Posted on Jul 27, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 26, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။


Posted on Jul 26, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။


Posted on Jul 25, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card- OWIC) ပေါ်တွင် လုံခြုံရေး Sticker အသုံးပြုသွားမည့်ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်

Posted on Jul 29, 2025

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံများသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါ ခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ

Posted on Jul 28, 2025

စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ

Posted on Jul 28, 2025

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ