နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေး ပြည်သူလူထုလှုံ့ဆော်ရေး Campaign ဆောင်ရွက်

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေး ပြည်သူလူထုလှုံ့ဆော်ရေး Campaign ဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 14, 2025
image_latest


ရန်ကုန် ဒီဇင်ဘာ ၁၃

မဲပေးခြင်းသည် နိုင်ငံသားများက အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဖော်ဆောင်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလှုံ့ဆော်မှု Campaign ကို နိုင်ငံတစ်ဝန်းလုံး ဆောင်ရွက်လျက်ရှိသည်။

ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်ရေး ပြည်သူလူထုလှုံ့ဆော်ရေး Campaign ကို ဆောင်ရွက်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ (ဌာနမှူးများ)၊ ကထိကများ၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ၊ သန္ဓေမိသားစုများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်အားပေးသည်။

ဦးစွာ “ပြင်းထန်သည့် ငလျင်ဒဏ်ကို ကျော်ဖြတ်ကာ ပြန်လည်တည်ဆောက်ကြမည့် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” နှင့် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” မှတ်တမ်းဗီဒီယိုတို့ကို ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားတိုင်းသည် မိမိတို့နိုင်ငံ၊ ရပ်ရွာ၊ ဒေသကို တိုးတက်အောင် လုပ်ဆောင်ပေးနိုင်မည့်ကိုယ်စားလှယ်များကို ဆန္ဒမဲပေးရန် တာဝန်ရှိပါကြောင်း၊ ထိုကဲ့သို့ ဆန္ဒမဲပေးခြင်းသည် နိုင်ငံသားတိုင်း၏ မွေးရာပါအခွင့် အရေးလည်းဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲဆိုသည်မှာ ပါတီနိုင်ငံရေးဆိုသည်ထက် နိုင်ငံ့အရေးဖြစ်ပါကြောင်း၊ နိုင်ငံအတွက် မဲပေးသင့်သည်၊ မဲပေးရမည်ဆိုသည်ကို အသိပညာပေးလိုသည့်အတွက် ယနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခုကျင်းပမည့် ရွေးကောက်ပွဲသည် အရေးကြီးပါကြောင်း၊ ထို့ကြောင့် မိမိတို့အသဲကြားက မဲတစ်ပြားကို မိမိနှစ်သက်ရာ အဖွဲ့အစည်းအား ဆန္ဒပြုမဲပေးခြင်းဖြင့် နိုင်ငံသားတာဝန်ထမ်းဆောင်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအား MRTV DTH စလောင်းနှင့် DVB-T2 Set Top Box များအား ကံစမ်းမဲဖောက်ပေးပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရန်ကုန်မှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ အနုပညာရှင်များက ယိမ်းအကအလှများ၊ တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

အလားတူ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ သင်တန်းသား သင်တန်းသူများ၊ ဝန်ထမ်းများနှင့် သန္ဓေမိသားစုဝင်များအား “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Mar 16, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 15, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Posted on Mar 14, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Posted on Mar 13, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Mar 12, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on Mar 16, 2026

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

Posted on Mar 16, 2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Posted on Mar 16, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း