နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 27, 2026
နေပြည်တော် မတ် ၂၆
နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာန ဥပဒေအသိပညာပြန့်ပွာရေး သင်တန်းကျောင်း (Legal Advocacy Center) MOLA Lecture Hall သင်တန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဒေါက်တာထိန်လင်းဦးက ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းများကို လမ်းညွှန်ချက်အရ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်မှာ အမှတ်စဉ် (၆) အထိရှိပြီဖြစ်ကြောင်း၊ ယခုသင်တန်းတွင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များပါဝင်သည့် စုစုပေါင်း သင်တန်းသား ၂၇ ဦး တက်ရောက်ခဲ့ကြကြောင်း၊ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းများကို အမှတ်စဉ် (၆) အထိ အောင်မြင်စွာတက်ရောက်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများမှာ ၁၇၈ ဦး ရှိပြီဖြစ်ပြီး ဥပဒေအသိပညာများ မျှဝေပေးနိုင်ခဲ့ကြောင်း၊ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းအကြီး အမှူးများကိုလည်း နောင်ဖွင့်လှစ်မည့် သင်တန်းများတွင် ဆက်လက်မျှဝေ ပို့ချပေးသွားမည်ဖြစ်ပါကြောင်း။
သင်တန်းတွင် ဥပဒေဆိုင်ရာ အတွေ့အကြုံကြွယ်ဝ သည့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဌာနအကြီးအမှူးများနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူအရာရှိများက စာတွေ့၊ လက်တွေ့ပေါင်းစပ်ပို့ချပေးခဲ့ကြသဖြင့် အကျိုးရှိသော သင်တန်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှ မျှဝေပေးခဲ့သည့် ဥပဒေဘာသာရပ်များကို မိမိတို့၏လုပ်ငန်းခွင်တွင် လက်တွေ့ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
သင်တန်းဆင်းပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
ငလျင်ဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Posted on Mar 26, 2026၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးများ ဖြစ်ပွားလေ့ရှိသော နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ငလျင်ဖြစ်ပေါ်နိုင်သည့် အဓိကပြတ်ရွေ့ကြော ၄ ခုအနက် စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှစတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်းကို တောင်မြောက်ဖြတ်သန်းလျက် မုတ္တမပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ်ပြင်အထိ ကီလိုမီတာ ၁၂၀၀ ကျော် ရှည်လျားပါသည်။
