နိုင်ငံ၏အနာဂတ်ကောင်းမွန်လှပရေး မဲဆန္ဒရှင် ပြည်သူအားလုံး ဆန္ဒမဲပေး

နိုင်ငံ၏အနာဂတ်ကောင်းမွန်လှပရေး မဲဆန္ဒရှင် ပြည်သူအားလုံး ဆန္ဒမဲပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 09, 2026
image_latest


ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင်လည်းကောင်း၊ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်တွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် အစိုးရအဖွဲ့နှင့် လွှတ်တော်တို့မှာ လာမည့် မတ်လတွင် ပေါ်ပေါက်လာမည်ဖြစ်သည်ကို မိမိတို့သိရှိထားကြပြီးဖြစ်သည်။ လက်ရှိကျင်းပနေသည့် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပပြီးချိန်တွင် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့များက သဘောထားမှတ်ချက်ကောင်းများ ပေးခဲ့ကြသည်ကိုလည်း သတင်းများမှတစ်ဆင့် သိရှိကြရသည်။

ထို့အပြင် မိမိတို့နိုင်ငံ၏ ရွေးကောက်ပွဲက ဆယ်စုနှစ်များစွာ ကြာမြင့်အောင် ရပ်တန့်နေခဲ့သော အမေရိကန်-မြန်မာဆက်ဆံရေးကို ပြန်လည်ချိန်ညှိရန် အမေရိကန်အစိုးရအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်စေပြီး အရှေ့တောင်အာရှဒေသတွင် အမေရိကန်၏ မဟာဗျူဟာမြောက် နေရာယူရပ်တည်မှုအပေါ် သက်ရောက်မှုများရှိလာနိုင်ကြောင်း အမေရိကန် ကြည်းတပ်မတော်မှ အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးဖြစ်သူ ဂျိုးဘွတ်ချီနို ရေးသားသည့် “မြန်မာ့ရွေးကောက်ပွဲများ - အရှေ့တောင်အာရှရှိ အမေရိကန်၏ မူဝါဒကို ပြန်လည်ချိန်ညှိခြင်းလား” ဆောင်းပါးပါ အချက်အလက်များအရလည်း ရွေးကောက်ပွဲအပြီး အစိုးရသစ်တက်လာချိန်တွင် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ကျင့်သုံးနေသည့်မူဝါဒမှာ အပြောင်းအလဲဖြစ်လာမည့် အလားအလာများရှိနေသည်ဟု ယူဆနိုင်သည်။ မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားအရ မဟာဗျူဟာမြောက်အရေးပါမှုနှင့် မြေရှားသတ္တုအပါအဝင် သဘာဝသယံဇာတများ၏ အရေးပါမှုတို့ကိုလည်း အသိအမှတ်ပြုထားပြီး ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ပိတ်ဆို့အရေးယူမှုစည်းမျဉ်းများ (Burma Sanctions Regulations) ကြောင့် အမေရိကန်စွမ်းအင်ကုမ္ပဏီများကို မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှ ဖယ်ထုတ်ထားရာမှ ပြန်လည်ဝင်ရောက်လာနိုင်ဖွယ်လည်းရှိနေသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းသတင်းများအရ မြန်မာ့ကမ်းလွန်ပင်လယ်ပြင် လုပ်ကွက် M-15 တွင် ကုဗပေ ၉၅ ထရီလီယံခန့်ရှိသော ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်ကြီးကို ရှာဖွေတွေ့ရှိထားသည်ဟုဆိုရာ မြန်မာနိုင်ငံ၏ မဝေးလှသည့်အနာဂတ်မှာ မျှော်လင့်ချက်အလင်းရောင်များ တောက်ပလျက်ရှိသည်ဟု ဆိုနိုင်သည်။ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်တွင် သဘာဝဓာတ်ငွေ့ထုတ်ယူနိုင်မည့် ရေနက်တွင်းသုံးတွင်းကို ယခုနှစ်စက်တင်ဘာလအတွင်း စမ်းသပ်တူးဖော်သွားမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် သဘာဝဓာတ်ငွေ့များထွက်လာမည်ဟု မျှော်လင့်ထားကြောင်း စင်ကာပူ အခြေစိုက် Canadian Foresight Group ၏ ဥက္ကဋ္ဌဖြစ်သူက ပြောကြားထားပြီး M-15 စီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံး ကမ်းလွန်ရေနက်စီမံကိန်းဖြစ်လာရန်ရှိပြီး အောင်မြင်လာပါက မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးကဏ္ဍများ တိုးတက်လာမည်ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်ဟု သိရသည်။

သို့ရာတွင် မိမိတို့နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် ပကတိအခြေအနေများအရ နိုင်ငံ၏အနာဂတ်မှာ အခွင့်အလမ်းများ ပြည့်နှက်နေသလို မဖြစ်မနေရင်ဆိုင်ဖြေရှင်းရမည့် စိန်ခေါ်မှုများလည်း ရှိနေသည်။ အဆိုပါအခွင့်အလမ်းများကို အမိအရ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ရယူနိုင်ရန်နှင့် စိန်ခေါ်မှုများကို အရည်အသွေးရှိရှိ ဖြေရှင်းကျော်လွှားနိုင်ရန်မှာ ကောင်းမွန်သော အစိုးရတစ်ရပ်လိုအပ်ပြီး အစိုးရနှင့် ပြည်သူလူထုတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် လိုအပ်သည်။ သို့ဖြစ်ရာ မိမိတို့ပြည်သူများအနေဖြင့် နိုင်ငံ၏အနာဂတ် ကောင်းမွန်လှပစွာတည်ဆောက်နိုင်ရေး အစိုးရကောင်းတစ်ရပ်ကို ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲအပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မဲဆန္ဒရှင်ပြည်သူတိုင်းက တက်တက်ကြွကြွ ဆန္ဒမဲပေးကြရန် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။


၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Posted on Jan 09, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Posted on Jan 07, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 07, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Posted on Jan 06, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


Posted on Jan 05, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 04, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

Posted on Jan 9, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

Posted on Jan 9, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၆၁၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Posted on Jan 9, 2026

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

HOT NEWS
January 4,