နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဥတ္တရသီရိမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဥတ္တရသီရိမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 28, 2024
image_latest


နေပြည်တော် ဧပြီ ၂၇

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ သိရှိနားလည်စေရန်၊ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင် ပံ့ပိုးကူညီဆောင်ရွက်နိုင်စေရန်၊ လူမှုကွန်ရက်မီဒီယာများနှင့် တရားမဝင် သတင်းဌာနများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းမှားများကို အယုံလွယ် လမ်းမှားမရောက်ရှိစေရေး တရားဝင်သတင်းဌာနများ၏ ထုတ်ပြန်ချက်များကိုသာလေ့လာနိုင်ရေး အသိပညာပေးဆောင်ရွက်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဥတ္တရသီရိမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်သူ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးသည့်နောက်တွင် ပြည်သူလူထုအကြား ထိတ်လန့်တုန်လှုပ်ခြောက်ခြားစေရေး ရည်ရွယ်ချက်ထားပြီး လုပ်ကြံဖန်တီးမှု လုပ်ရပ်များကိုတွေ့ရပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေတွင် သတ်မှတ်ထားသည့် အသက်အရွယ်အတွင်း ဥပဒေနှင့် ကိုက်ညီသူများထဲမှ ပညာသင်ကြားနေသူ၊ မိအိုဖအိုပြုစုလုပ်ကျွေးနေရသူ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျန်းမာရေးကြောင့် ဆေးကုသမှုခံယူ နေရသူများကို ယာယီရွှေ့ဆိုင်းပေးထားမည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းရန် မသင့်လျော်သူများကိုလည်း အကြောင်းမဲ့သက်သက် ခေါ်ယူမည်မဟုတ်သလို၊ ယခုကာလတွင်လည်း အမျိုးသမီးများကို ပြည်သူ့ စစ်မှုထမ်းခေါ်ယူရန် မရှိသေးကြောင်း သတင်းထုတ်ပြန်ထားရှိပြီးဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် ဥတ္တရခရိုင်ဥပဒေအရာရှိ ဦးကျော်ဌေးတို့က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် စစ်မှုထမ်းဆောင်ကြပါစို့ Video Clip နှင့် သမိုင်းပေးတာဝန် Video Clip တို့ကို ပြသသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့် အတူ ဒက္ခိဏသီရိမြို့နယ် ရွာမကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၇၂) ကွင်းရှိ ရှင်းလင်းဆောင်၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ပြောကြားပြီး တောင်သူများကို သဘာဝမြေဩဇာများနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ ပေးအပ်သည်။

ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက လိုအပ်သည်များ တင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ရွာမကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၇၂)ကွင်းရှိ အောင်မြင်ဖြစ်ထွန်းနေသည့် နွေစပါးစိုက်ခင်းကို ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် နေပြည်တော် ဒက္ခိဏသီရိဈေးအတွင်း၌ မေ ၁ ရက်တွင် ကျရောက်မည့် အလုပ်သမားနေ့ အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပမည့် အခြေအနေများနှင့် ဆိုင်ခန်းများ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ခင်းကျင်းရောင်းချမည့် ထုတ်ကုန်အခြေအနေများနှင့် ဆိုင်ခန်းများ တည်ဆောက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပမည့် ဆိုင်ခန်းများ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

မေ ၁ ရက်တွင် ကျရောက်မည့် အလုပ်သမားနေ့ အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော် ဒက္ခိဏသီရိ ဈေးအတွင်း၌ ဒေသထွက် One Region One Product ထုတ်ကုန်များနှင့် MSME ထုတ်ကုန်များကို ဆိုင်ခန်းပေါင်း ၅၀ ဖြင့် မေ ၁ ရက်မှ ၅ ရက်အထိ ခင်ကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


Posted on May 13, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Posted on May 12, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။


Posted on May 10, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် ၊ မေ ၉ ရက်၊ ကြာသပတေးနေ့။


Posted on May 09, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက် ၊ မေ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 08, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့ ၊ မေ ၇ ရက်၊ အင်္ဂါနေ့။


Posted on May 07, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

မြန်မာနိုင်ငံ ပြန်တမ်း

Posted on May 13, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေး) ဦးကျော်ကောင်းချိုကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)၏ သဘောထားထုတ်ပြန်ချက်

Posted on May 11, 2024

မေလ ၉ ရက်နေ့ နံနက်ပိုင်းတွင် မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာ၏ အရှေ့ဘက်ရှိ ဆုံရွာကျေးရွာအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာနေ ဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းကို စိတ်မချမ်းမြေ့ဖွယ်ရာ ကြားသိရပါသည်။

ကြော်ငြာစာအမှတ်(၆/၂၀၂၃)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း(၂၁)ခုတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများတွင် ရွေးချယ်ခံရသူများအနေဖြင့် သင်တန်းတက်ရောက်ရန် အကြောင်းကြားစာ

Posted on May 10, 2024

ကြော်ငြာစာအမှတ်(၆/၂၀၂၃)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း(၂၁)ခုတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများတွင် ရွေးချယ်ခံရသူများအနေဖြင့် သင်တန်းတက်ရောက်ရန် အကြောင်းကြားစာ

HOT NEWS
January 4,