နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒွါဒသမတန်းလူရည်ချွန်စခန်းဖွင့်ပွဲ တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒွါဒသမတန်းလူရည်ချွန်စခန်းဖွင့်ပွဲ တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 08, 2026
image_latest


နေပြည်တော် မေ ၇

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒွါဒသမတန်း လူရည်ချွန်စခန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လူရည်ချွန်စခန်း (Royal President Hotel)၌ ကျင်းပသည်။

ဦးစွာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒွါဒသမတန်း နေပြည်တော်လူရည်ချွန်စခန်းမုခ်ဦးကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက လူရည်ချွန်စွမ်းအား သီချင်းဖြင့် ဖျော်ဖြေကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍကို အားပေးမြှင့်တင်လျက်ရှိရာ “တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်ပြည့်စုံသည့် နိုင်ငံ့သားကောင်းများဖြစ်ထွန်းရေးကို ဦးတည်လေ့ကျင့်ပေးရန်” ဆိုသည့် အမျိုးသားပညာရေးရည်မှန်းချက်ကို ချမှတ်ထားရှိပြီး အခြေခံပညာရေးနှင့် အဆင့်မြင့်ပညာရေးကဏ္ဍ နှစ်ရပ်လုံးအတွက် ဗလငါးတန်တည်းဟူသော ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလတို့နှင့် ပြည့်စုံသော လူငယ်များပြုစုပျိုးထောင်ရေးကို အဓိကထားဆောင်ရွက်လျက်ရှိပြီး လူရည်ချွန်စီမံကိန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ Grade-12 လူရည်ချွန် မောင်မယ်များအနေဖြင့် မိမိတို့ ဒေသ၊ ကျောင်း၊ ပတ်ဝန်းကျင်တွင် အခြားသော ကျောင်းသား ကျောင်းသူများ အတုယူရမည့် အမူအကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန်လိုကြောင်းနှင့် နေပြည်တော်လူရည်ချွန်အပန်းဖြေစခန်းမှ ခွန်အားသစ်များရရှိပြီး နိုင်ငံတော်က အားကိုးအားထားပြုရမည့် ထူးချွန်ထက်မြက်သည့် နိုင်ငံသားကောင်း သမီးကောင်းများဖြစ်လာစေရေး စဉ်ဆက်မပြက် ကြိုးပမ်းအားထုတ်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဒွါဒသမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများအား ရင်ထိုးတံဆိပ်တပ်ဆင်ပေးခြင်း၊ နေပြည်တော်လူရည်ချွန်စခန်းမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းတို့အား အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခြင်းနှင့် ဒွါဒသမတန်းလူရည်ချွန်ကျောင်းသား ကျောင်းသူများကိုယ်စား လူရည်ချွန်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခြင်းများ ဆောင်ရွက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)


၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Posted on May 29, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Posted on May 28, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Posted on May 27, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 27, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Posted on May 26, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Posted on May 24, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏...

Posted on May 29, 2026

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)

Posted on May 29, 2026

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)

ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်

Posted on May 29, 2026

ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်