နေပြည်တော်ဟိုတယ်ဇုန်ရှိဟိုတယ်များမှ လုံခြုံရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် မြန်မာ့ရိုးရာသိုင်းသင်တန်းဆင်းပွဲ ကျင်းပ
နေပြည်တော်ဟိုတယ်ဇုန်ရှိဟိုတယ်များမှ လုံခြုံရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် မြန်မာ့ရိုးရာသိုင်းသင်တန်းဆင်းပွဲ ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 23, 2025

နေပြည်တော် အောက်တိုဘာ ၂၂
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(နေပြည်တော်ဇုန်)၏ စီစဉ်မှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဟိုတယ်များတွင် တာဝန်ထမ်းဆောင်နေကြသော လုံခြုံရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့သိုင်းသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဟိုတယ်ဇုန်(၁)ရှိ တုံဂပူရိဟိုတယ်၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသများသို့ ပိုမိုတိုးတက်ဝင်ရောက်လာစေရေးအတွက် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုအဆင့်အတန်း၊ ဧည့်ဝတ်ဖော်ရွေ ပျူငှာမှုများရှိရန် လိုအပ်သကဲ့သို့ လာရောက်တည်းခို နေထိုင်ကြမည့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံမှုအတွက် စွမ်းဆောင်ရည် မြင့်မားသော လုံခြုံရေးအစီအမံများချမှတ် ဆောင်ရွက်ခြင်းသည်လည်း အရေးပါသည့်ကဏ္ဍ တစ်ရပ်ဖြစ်ပါကြောင်း။
ရိုးရာသိုင်းပညာသင်ကြားခြင်းဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို လက်တွေ့အသုံးချထိန်းသိမ်းထားနိုင်ခြင်း၊ စည်းကမ်းကျင့်ဝတ်များနှင့်အညီ ခရီးသွားဧည့်သည်များအပေါ် ကာကွယ်စောင့်ရှောက်မှုပေးနိုင်ခြင်း စသည့်ဝန်ဆောင်မှု စွမ်းဆောင်ရည်ကောင်းများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဟိုတယ်များမှ လုံခြုံရေးဝန်ထမ်းများအနေဖြင့် မိမိတို့သင်ယူတတ်မြောက်ခဲ့သည့် ရိုးရာသိုင်းပညာရပ်ကိုအခြေခံပြီး လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေးအတွက်သာမက လာရောက်တည်းခိုနေထိုင်ကြမည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ၏ ယုံကြည်မှုရရှိရေးကိုပါ ဆက်လက်ကြိုးစားသွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သီတင်းကျွတ်ပွဲတော်ကာလအတွင်း ဟိုတယ်များမှ ရောင်စုံမီးအလှဆင်ခြင်းတွင် ဆုရရှိကြသည့် ဟိုတယ်များကို ဆုများပေးအပ်ပြီး သင်တန်းဆင်းလုံခြုံရေးဝန်ထမ်းများ၏ သိုင်းသရုပ်ပြသမှုကို ကြည့်ရှုအားပေးကြသည်။
သင်တန်းဆင်းပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ နေပြည်တော် ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်များမှ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
Posted on Oct 23, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 22, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။
Posted on Oct 21, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 19, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။
Posted on Oct 18, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Oct 22, 2025တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Oct 21, 2025တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Oct 22, 2025တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း