ပညာရေးဝန်ကြီးဌာန၏ ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ
ပညာရေးဝန်ကြီးဌာန၏ ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 18, 2026
နေပြည်တော် ဧပြီ ၁၇
ပညာရေးဝန်ကြီးဌာနမိသားစုများ၏ ဇီဝိတဒါနငါးလွှတ်ပွဲကို မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့ညနေပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ လျှိုပိတ်ဆည်၌ ကျင်းပသည်။
တက်ရောက်
ငါးလွှတ်ပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ကုသိုလ်ပြုလွှတ်ပေး
ငါးလွှတ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်ကာ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ရွှေဝါငါးကြင်း စုစုပေါင်း ကောင်ရေ ၃၉၅၀ ကို လျှိုပိတ်ဆည်အတွင်းသို့ ဇီဝိတဒါနအဖြစ် ကုသိုလ်ပြုလွှတ်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Posted on Apr 20, 2026လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026
