ပညာသင်ယူခွင့်သည် အခြေခံလူ့အခွင့်အရေး
ပညာသင်ယူခွင့်သည် အခြေခံလူ့အခွင့်အရေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 06, 2025

နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေကြပြီဖြစ်သည်။ ယခုနှစ် နိုင်ငံတစ်ဝန်းလုံးရှိ ထက်၊ လယ်၊ မူ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများတွင် တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်းခြောက်သန်းကျော်ရှိသည်ဟု သတင်းများတွင် တွေ့ရှိရသည်။ အကြောင်းကြောင်းကြောင့် ကျောင်းအပ်နောက်ကျနေသူများကို ဆက်လက်လက်ခံလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူဦးရေ ထပ်မံတိုးတက်လာမည်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် ပညာရေးနိမ့်ကျနေကြောင်းနှင့် အမျိုးသားပညာရေးမြင့်မားစေရန် မဖြစ်မနေမြှင့်တင်ရမည်ဖြစ်ကြောင်းတို့ကို နိုင်ငံတော်အကြီးအကဲက ကြိမ်ဖန်များစွာ ပြောကြားထားသည်။ နိုင်ငံသားတို့အသိပညာ၊ အတတ်ပညာ မြင့်မားမှသာ နိုင်ငံကို အဆင့်မြင့်မားအောင် တည်ဆောက်နိုင်မည်ဖြစ်ရာ ကျောင်းနေအရွယ်မှန်သမျှ ကျောင်းအပ်နှံ၍ ကျောင်းတက်ကာ မဖြစ်မနေ ပညာသင်ယူကြရမည်ဖြစ်သည်။ မျက်မှောက်ခေတ်သည် ပညာခေတ်ဖြစ်သည့်အလျောက် လူတိုင်းပညာကို တတ်မြောက်ကြရန်၊ အနည်းဆုံးအားဖြင့် အခြေခံပညာ အလယ်တန်း (KG + 9)အထိ မဖြစ်မနေပြီးမြောက်အောင် တက်ရောက်ကြရန်လိုသည်။ အခြေခံပညာ အတန်းများအားလုံး ကျောင်းအပ်နှံချိန်တွင် အခမဲ့အပ်နှံကြရသည့်အပြင် သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများတို့ပါ အခမဲ့ထုတ်ပေးသည်။ KG နှင့် မူလတန်းကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံများပါ အခမဲ့ပေးအပ်သည်။
ပညာသင်ကြားခွင့်သည် အခြေခံလူ့အခွင့်အရေးတစ်ရပ် ဖြစ်သော်လည်း ပြည်တွင်းရှိ တည်ငြိမ်အေးချမ်းမှုမရှိသည့် ဒေသများတွင် ပညာသင်ကြားမှု၊ သင်ယူမှုတို့အပေါ် ခြိမ်းခြောက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတို့ ဖြစ်ပေါ်နေသည်။ ကျောင်းအပ် လက်ခံသည့် ဆရာမကို သတ်ဖြတ်မှု၊ စာသင်ကျောင်းအနီးပစ်ခတ်၍ လူသတ်မှု၊ စာသင်ခန်းများတွင် လက်နက်ခဲယမ်းများ ထုတ်လုပ်မှု၊ စာသင်ကျောင်းများကို စစ်ရေးအတွက် အသုံးပြုမှုတို့ကို အကြမ်းဖက်သမားတို့က ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြသည်။ အကြမ်းဖက်သမားတို့၏ ခြိမ်းခြောက်မှုကြောင့် ကျောင်းနေအရွယ်ရောက်သည့်တိုင် စာမသင်ရဘဲ တစ်နှစ်ပြီးတစ်နှစ် ကြီးပြင်းလာရသည့် ကလေးများ အများအပြားရှိနေရာ ယင်းကလေးတို့၏ အနာဂတ်မှာ စိုးရိမ်ဖွယ်ရာပင်ဖြစ်သည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး၊ ပညာတစ်ပိုင်းတစ်စနှင့် ကျောင်းထွက်မှုများ ပပျောက်ရေး၊ တန်းစဉ်မှန်မှန် ကူးပြောင်းရေးတို့အတွက် နိုင်ငံတော်အစိုးရက အလေးထား ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာနကလည်း ကျောင်းများ စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် စာသင်ခန်းများစာသင်ခုံများနှင့် ပရိဘောဂများ ပြည့်စုံရန်စီစဉ်ပေးခြင်း၊ ကျောင်းများသာယာလှပရေး၊ သန့်ရှင်းရေး၊ ဥပဓိရုပ်ကောင်းမွန် ရေးဆောင်ရွက်ခြင်း၊ ကျောင်းကြို၊ ပို့ယာဉ်များ စီစဉ်ပေးခြင်းတို့ ဆောင်ရွက်ပေးနေချိန်တွင် ပညာသင်ကြားခွင့်ကို အကြမ်းဖက် ပိတ်ပင်ခံရခြင်းမှာ ကလေးများအတွက် လွန်စွာနစ်နာလှသည်။
ကလေးများသည် နိုင်ငံ၏အနာဂတ်ဖြစ်သည်ဟုဆိုရာတွင် ပညာသင်ယူခွင့်၊ သင်ကြားခွင့်ရရန်လိုသည်။ ကျောင်းနေအရွယ်တိုင်း ကျောင်းတက်ခွင့်ရမှ၊ ပညာတတ်မှသာ နိုင်ငံကို အကျိုးပြုနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေး၊ ပညာရေးတစ်ပိုင်းတစ်စနှင့် ကျောင်းထွက် ရခြင်းမရှိစေရေး၊ တန်းစဉ်မှန်မှန် ကူးပြောင်းနိုင်ရေးတို့အတွက် အားလုံးတွင် တာဝန်ရှိသည်ဟုခံယူကာ ဝိုင်းဝန်းဆောင်ရွက်ကြရ ပါမည့်အကြောင်း။ ။
မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အိုင်အယ်လ်အို (ILO) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အသိပေးချက်
Posted on Jun 6, 2025ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကျင်းပ နေစဉ်ကာလအတွင်း ၅-၆-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Posted on Jun 4, 2025အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)
Posted on Jun 5, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)