ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)သို့ လာရောက်လေ့လာကြမည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ ရန်ကုန်မြို့သို့ ရောက်ရှိ
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)သို့ လာရောက်လေ့လာကြမည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ ရန်ကုန်မြို့သို့ ရောက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 23, 2026
ရန်ကုန် ဇန်နဝါရီ ၂၃
ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) သို့ လာရောက်လေ့လာကြမည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် လေကြောင်းခရီးစဉ်များဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာကြသည်။
နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအဖြစ် အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲပိုင်းတွင်လည်းကောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ ဘယ်လာရုစ်ပါတီမှ Ms. Vohila N. Chamadanova ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၁ ရက်ညပိုင်းတွင် လည်းကောင်း၊ အင်ဒိုနီးရှား နိုင်ငံရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Ms. Yusti Erina ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နီပေါနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Dr. Janaki Kumari Tuladhar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်လည်းကောင်း ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြသည်။
အလားတူ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Yich Samethy ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံမှ Mr. Mario Jose Armengol Campos ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် International Conference of Asian Political Parties (ICAPP) အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ Dr. Chheng Kimlong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ဆက်လက်ရောက်ရှိကြမည်ဖြစ်ကြောင်း သိရသည်။
စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း
Posted on Jan 23, 2026စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သတင်းရယူနိုင်ရေး အသိပေးကြညာခြင်း
Posted on Jan 23, 2026၁။ ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) MICC-I တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
