ပိုက်ကျော်ခြင်းအားကစားနည်း(Hoop Takraw)နည်းပြသင်တန်း ဖွင့်ပွဲကျင်းပ
ပိုက်ကျော်ခြင်းအားကစားနည်း(Hoop Takraw)နည်းပြသင်တန်း ဖွင့်ပွဲကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 06, 2025
နေပြည်တော် နိုဝင်ဘာ ၅
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပိုက်ကျော်ခြင်းအားကစားနည်း(Hoop Takraw) နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ၂၀၀၅ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပသည့် (၂၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်စတင်၍ ထည့်သွင်းကျင်းပခဲ့သော ပထမဆုံးအကြိမ် Hoop Takraw ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် အမျိုးသားပြိုင်ပွဲ၌ ကြေးတံဆိပ်တစ်ခုနှင့် အမျိုးသမီးပြိုင်ပွဲ၌ ရွှေတံဆိပ်တစ်ခု စုစုပေါင်းဆုတံဆိပ်နှစ်ခုတို့ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ Hoop Takraw အမျိုးသားအသင်းအနေဖြင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်သုံးခုနှင့် မြန်မာ အမျိုးသမီးအသင်းအနေဖြင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်နှစ်ခုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး နိုင်ငံ့ ဂုဏ်ဆောင်နိုင်ခဲ့ကြောင်း။
ယခုဖွင့်လှစ်သည့် သင်တန်းတွင် တက်ရောက်ကြသော ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ နည်းပြများအနေဖြင့် နည်းဥပဒေသ၊ စည်းမျဉ်း/ စည်းကမ်းနှင့်နည်းစနစ်ပိုင်းဆိုင်ရာများကို စနစ်တကျလေ့လာသင်ယူပြီး Hoop Takraw ကွင်းသွင်းခြင်းခတ်အားကစားသမားများကို ပြုစုပျိုးထောင်လေ့ကျင့်သင်ကြားပေးသွားရန် တိုက်တွန်းမှာကြားလိုကြောင်း၊ သင်တန်းသားသင်တန်းသူများအနေဖြင့် ပိုက်ကျော်ခြင်း(Hoop Takraw)အားကစားနည်းအတွက် အထူးအားကိုးရမည့် အနာဂတ်၏ နည်းပြကောင်းများဖြစ်အောင် သင်ကြားပို့ချပေးမည့် စာတွေ့/လက်တွေ့သင်ခန်းစာများကို ဂရုတစိုက်လေ့လာသင်ယူမှတ်သားပြီး ပိုက်ကျော်ခြင်း(Hoop Takraw) အားကစားနည်းဖြင့် မြန်မာ့အားကစားလောကကိုမြှင့်တင်ပေးနိုင်သည့် နည်းပြကောင်းများဖြစ်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးပမ်းအားထုတ်သွားရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
Posted on Nov 06, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Nov 05, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
Posted on Nov 03, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 02, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Nov 6, 2025တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့်...
Posted on Nov 1, 2025ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
Posted on Nov 1, 2025ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
