ပီတန်းနည်းပြသင်တန်းအမှတ်စဉ်(၁/၂၀၂၆) သင်တန်းဖွင့်ပွဲနှင့် လူမှုဝန်ထမ်းဦးစီးဌာန လူငယ်သင်တန်းကျောင်းများတွင် အားကစားသင်တန်းများဖွင့်လှစ်ရေး စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပီတန်းနည်းပြသင်တန်းအမှတ်စဉ်(၁/၂၀၂၆) သင်တန်းဖွင့်ပွဲနှင့် လူမှုဝန်ထမ်းဦးစီးဌာန လူငယ်သင်တန်းကျောင်းများတွင် အားကစားသင်တန်းများဖွင့်လှစ်ရေး စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 24, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူး၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပီတန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပီတန်းနည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက ပီတန်းအားကစားနည်းသည် ပြင်သစ်နိုင်ငံ၏ ရိုးရာအားကစားနည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ကျင်းပချိန်တွင် စတင်ရောက်ရှိလာပြီး အချိန်အားဖြင့် (၁၄)နှစ် သက်တမ်းသာရှိသည့်အတွက် အရှေ့တောင်အာရှနိုင်ငံများတွင် ပီတန်းအားကစားနည်းထွန်းကားမှု အနုနယ်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံပီတန်းအဖွဲ့ချုပ်အနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်ငါးခု၊ အာရှအဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခုနှင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခုတို့ကို ဆွတ်ခူးရရှိခဲ့ပြီး အာဆီယံ‌ဒေသအတွင်းသာမက ကမ္ဘာ့အဆင့်အထိ ရင်ပေါင်တန်းနိုင်သည့် အခြေအနေကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်လာသည့် နည်းပြများအနေဖြင့် မိမိတို့ဌာနများသို့ ပြန်လည်ရောက်ရှိသည့်အခါ သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် သင်ခန်းစာများကို ပြန်လည်အသုံးချပြီး မျိုးဆက်သစ်အားကစားသမားများရရှိစေရေး၊ ပီတန်းအားကစားနည်း ပိုမိုတိုးတက်ပြန့်ပွားစေရေးအတွက် အားထည့်၍ စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားသည်။

အဆိုပါ ပီတန်းနည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၂၆)ကို ဖေဖော်ဝါရီ ၂၃ ရက်မှ မတ် ၅ ရက်အထိ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းဘက်စုံသုံးခန်းမ၌ သင်တန်းနည်းပြသုံးဦးတို့က သင်တန်းသား ၁၉ ဦး၊ သင်တန်းသူ ငါးဦး စုစုပေါင်း ၂၄ ဦးတို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်စန်း စန်းအေး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လူငယ်သင်တန်းကျောင်းများမှ ဆရာ ဆရာမများ၊ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန လူငယ်သင်တန်းကျောင်းများတွင် အားကစားသင်တန်းများ ဖွင့်လှစ်ရေးအတွက် စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကို နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (GoldCamp) ရှိ ဘက်စုံသုံးခန်းမ၌ ဆက်လက်ကျင်းပသည်။

ဦးစွာ ဒုတိယဝန်ကြီးက လူငယ်သင်တန်းကျောင်း ၁၀ ကျောင်းနှင့် ကလေးပြုစုရေးဌာနသုံးကျောင်း စုစုပေါင်း ၁၃ ကျောင်းမှ သင်တန်းသား သင်တန်းသူများကို အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား‌ လေ့ကျင့်ပေးရန်အတွက် ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ ကရာ တေး၊ ဘော်လီဘော၊ အမျိုးသမီး အားကစား(အေရိုးဗစ်၊ Fitness Dance)၊ လက်ဝှေ့၊ စားပွဲတင် တင်းနစ်၊ ပြေးခုန်ပစ်၊ သိုင်း၊ ဘောလုံး၊ ဖူဆယ်၊ ဝူရှူး၊ ဂျူဒိုနှင့် အလေးမ အားကစားနည်း ၁၅ နည်းတို့မှ သင်တန်းနည်းပြများ စေလွှတ်သွားမည်ဖြစ်၍ သင်တန်း ဖွင့်လှစ်သင်ကြားပို့ချပေးမည့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များအနေဖြင့် ဇွန် ၁ ရက်တွင် သင်တန်းများ အောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ လူငယ်များကို တစ်နေရာတည်းတွင် တစုတစည်းတည်း လေ့ကျင့်သင်ကြားပေးရမည့် အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း၊ အားကစားအဖွဲ့ချုပ်များအနေဖြင့် စေတနာထားပြီး ကြိုးစားသင်ကြားလေ့ကျင့်ပေးခြင်းဖြင့် ဗလငါးတန်နှင့် ပြည့်ဝသော လူငယ်များဖြစ်လာစေရေးနှင့် မျိုးဆက်သစ်လူငယ် အားကစားသမားများ ရရှိလာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် သင်တန်းကျောင်းများမှ ဆရာ ဆရာမများက အားကစား သင်တန်းများ အောင်မြင်စွာဖွင့်လှစ် နိုင်ရေးအတွက် လိုအပ်သည့် အားကစားအထောက်အကူပြု ပစ္စည်းများရရှိနိုင်ရေး၊ နည်းပြများ၏ သွားလာနေထိုင် စားသောက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးညှိနှိုင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Feb 24, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Feb 23, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 22, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Posted on Feb 21, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Posted on Feb 20, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Feb 19, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Feb 24, 2026

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်

Posted on Feb 23, 2026

မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်

တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်

Posted on Feb 23, 2026

တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်