ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / April 06, 2026


     ၂၀၂၆ ခုနှစ်၊ ဧပြီ ၄ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဧပြီ ၄ ရက် မွန်းလွဲ ၂ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ မြို့သစ်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြို့သစ်ရပ်ကွက်မှ ဘုရင့်နောင်လမ်းမကြီးဘက်သို့ မြို့သစ်ရပ်ကွက်နေ နိုင်မင်းထက် (၄၀)နှစ် မောင်းနှင်လာသည့် YGN-12/3C-XXXX NISSAN CONDOR မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ နိဗ္ဗိန္ဒလမ်းဆုံမှ ကားကြီးဝင်းဘက်သို့ မြို့သစ်ရပ်ကွက်နေ ထွန်းမင်းနိုင်(၁၅)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ဝီလျှံအောင်(၁၆)နှစ် လိုက်ပါလာသည့် ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ထွန်းမင်းနိုင်တွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဝီလျှံအောင်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် နိုင်မင်းထက် အား ပြည်မြို့မရဲစခန်း ယာဉ် (ပ)၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။


၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Posted on Apr 06, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 05, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Posted on Apr 6, 2026

မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Posted on Apr 6, 2026

မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

အကောက်ခွန်ဦးစီးဌာနက မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လုပ်ငန်းများအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်

Posted on Apr 6, 2026

အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းအကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။