ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / April 06, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၃ ရက်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၃ ရက် ည ၇ နာရီ ၅၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ်(၂၃)ရပ်ကွက်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ် (၁၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တောင်ငူ-သံတောင်ကားလမ်းအတိုင်း သံတောင်မြို့မှ တောင်ငူမြို့ဘက်သို့ တောင်ငူမြို့နယ်၊ အမှတ်(၂၃)ရပ်ကွက်နေ စောထူးစော(၅၆)နှစ် မောင်းနှင်ပြီး ရွာသစ်ကုန်းကျေးရွာနေ ကြယ်စင်လင်း(ခ)ကုလားလေး(၁၇)နှစ်၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ရေသိုးကြီးကျေးရွာနေ မင်းခန့်စိုး(၁၉)နှစ်တို့ လိုက်ပါလာသော KYN-4/3K-XXXX MITSUBISHI CANTER ခြောက်ဘီး မော်တော်ယာဉ်သည် အခြေခံပညာအလယ်တန်းကျောင်း(ကသဲစု)ရှေ့ အရောက်၌ ကသဲစုကျောင်းလမ်းဘက်သို့ ချိုးကွေ့စဉ် မျက်နှာချင်းဆိုင်မှ တောင်ငူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ မင်းမင်းထွန်း(၂၃)နှစ် မောင်းနှင်လာသော TOYOMAX CZI ဆိုင်ကယ်အား ဝင်ရောက်တိုက်မိသဖြင့် မင်းမင်းထွန်းတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် စောထူးစော အား တောင် ငူမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Posted on Apr 6, 2026မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

အကောက်ခွန်ဦးစီးဌာနက မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လုပ်ငန်းများအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်
Posted on Apr 6, 2026အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းအကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။