ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / April 18, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၁၆ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၁၆ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၊ ပဲခူး-သနပ်ပင်ကားလမ်း နာရီစင်အနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မဟာမြိုင်မှ ဟင်္သာကုန်းဘက်သို့ ဟင်္သာကုန်းရပ်ကွက်နေ ဦးဇော်ဖြူ(၄၅)နှစ် မောင်းနှင်ပြီး ဗိုလ်ကုန်းရပ်ကွက်နေ ဦးအောင်ကိုဦး(၃၉)နှစ် လိုက်ပါလာသော BGO-58/XXXXX HONDA CLICK ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိအုတ်ခုံအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဇော်ဖြူတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အောင်ကိုဦးတွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ဇော်ဖြူ အား ပဲခူးမြို့မရဲစခန်း ယာဉ်(ပ)၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
