ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပညာရေးဝန်ကြီးဌာနပူးပေါင်း၍ အမျိုးသားပညာရေးဥပဒေ၊ ပုဂ္ဂလိကပညာရေးဥပဒေ၊ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်များဥပဒေ အသိပညာပေး ဆွေးနွေးပွဲကျင်းပခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပညာရေးဝန်ကြီးဌာနပူးပေါင်း၍ အမျိုးသားပညာရေးဥပဒေ၊ ပုဂ္ဂလိကပညာရေးဥပဒေ၊ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်များဥပဒေ အသိပညာပေး ဆွေးနွေးပွဲကျင်းပခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / March 26, 2025
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေဆွေးနွေးပွဲအစီအစဉ် (Knowledge Sharing Program - KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၅၃) ကို ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း ၍ “အမျိုးသားပညာရေးဥပဒေ၊ ပုဂ္ဂလိကပညာရေးဥပဒေ၊ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်များဥပဒေ” ခေါင်းစဉ်ဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybird စနစ်ဖြင့် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများအတွက် အသိပညာမျှဝေဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်စီစဉ်ကျင်းပလျက်ရှိရာ ယနေ့တွင်လည်း ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ “အမျိုးသားပညာရေး ဥပဒေ၊ ပုဂ္ဂလိကပညာရေး ဥပဒေ၊ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်များဥပဒေ” ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပေးသွားမည်ဟုသိရှိ ရပါကြောင်း၊ ပညာရေးသည် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် စီမံခန့်ခွဲ အုပ်ချုပ်မှုတို့အပေါ် တိုက်ရိုက်သက်ရောက်မှုရှိသောကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံတွင်းရှိ တိုင်းရင်းသားအားလုံး ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့နှင့် သမိုင်းအမွေအနှစ်များ၏ အနှစ်သာရများကို တန်ဖိုးထား ထိန်းသိမ်းမြှင့်တင်နိုင်သည့် အတွေးအခေါ်အယူအဆများမှန်ကန်ပြီး လွတ်လပ်စွာတွေးခေါ်နိုင်စေရန်၊ အကျင့်စာရိတ္တကောင်းမွန်သော လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်နိုင်ရန်နှင့်ခေတ်စနစ်၏ လိုအပ်ချက် နှင့်အညီ အမျိုးသားပညာရေးကဏ္ဍနှင့် ပုဂ္ဂလိကပညာရေးကဏ္ဍကို အသေးစိတ်သိရှိစေရန် ရည်ရွယ်၍ ယနေ့ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း “ပညာရေးဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အသိပညာ၊ ဗဟု သုတများ၊ ဥပဒေရေးရာအကြောင်းအရာများကို သိရှိနားလည်ပြီး မိမိတို့ကိုယ်တိုင်နှင့် မိမိတို့၏ အနာဂတ်မျိုးဆက်သစ်လူငယ်များကိုလည်း နိုင်ငံတော်၏အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက် နိုင်သည့်ဝန်ထမ်းကောင်း၊ ပြည်သူကောင်းများဖြစ်အောင် ဦးဆောင်လမ်းပြပေးစေလိုပါကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အသိပညာဗဟုသုတများကို ချိတ်ဆက်အသုံးပြု ရန်မှာကြားလိုပါကြောင်း၊ သို့ပါ၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအနေဖြင့် မရှင်းလင်းသည့် အချက်အလက်များ၊ ထပ်မံသိရှိဆွေးနွေး လိုသည့်အချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာနဝန်ကြီးရုံး၊ မူဝါဒနှင့်ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာစန်းစန်းမြက အမျိုးသားပညာရေးဥပဒေ၊ ပုဂ္ဂလိကပညာရေးဥပဒေ၊ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်များဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ ကြပြီး တက်ရောက်လာသူများကလည်း သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမတွင်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့်ဝန်ထမ်းများက Online မှလည်းကောင်း စုစုပေါင်း (၄၀၃) ဦး တက်ရောက်ခဲ့ကြသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းသား/သူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အသိပေးနှိုးဆော်ခြင်း
Posted on May 6, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
Posted on May 3, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း
Posted on May 5, 2025