ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပခြင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / July 01, 2025


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ၂၀၂၅ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး တက်ရောက်၍ နှုတ်ခွန်းဆက်အမှာစကားပြော ကြားခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အနေဖြင့် ဝန်ထမ်းများ၏ စီးပွားရေး၊ လူမှုရေးအခက်အခဲများ ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် စုဆောင်းမှုအလေ့ အထကိုဖြစ်စေရန် ရည်ရွယ်၍ ငွေစုငွေချေးသမဝါယမအသင်းကို ရန်ကုန်တိုင်းတွင် စတင်ဖွဲ့စည်း ဆောင်ရွက်ကာ ရုံးချုပ်နှင့်နေပြည်တော်စာရင်းစစ်ရုံးရှိ အသင်းသား ၃၀၃ ဦး ဖြင့် နေပြည်တော်တွင် ခွဲထွက်ဖွဲ့စည်း၍ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်အဖြစ် မှတ်ပုံတင်ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ငွေစုငွေချေးသမဝါယမအသင်းသည် သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေနှင့်အညီ အသင်းဝင်များ၏ စုဆောင်းငွေ လက်ခံခြင်း၊ စုဆောင်းငွေအပေါ် အတိုးခံစားခွင့်ပြုခြင်း၊ အသင်း သားများ၏ ငွေကြေးလိုအပ်ချက်များကို အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးခြင်းဖြင့် အသင်းသား များ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးတို့အတွက် တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ပေးနိုင်ခဲ့ပါ ကြောင်း၊ ယခုအချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ငွေစုငွေချေးသမဝါယမအသင်းသည် အသင်းသား ၄၀၁ ဦးရှိပြီး အသင်းသားများ၏ ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အပြင် နှစ်အလိုက်အမြတ်ရရှိသည့်အတွက် အသင်းအောင်မြင်စွာ ရပ်တည်နိုင်ခြင်းဖြစ်ကြောင်း၊ သို့ပါ၍ အသင်းသားများအနေဖြင့် စုဆောင်းငွေများ တိုးမြှင့်အပ်နှံခြင်း၊ လုပ်ဖော်ကိုင်ဖက်များအား အသင်းဝင်ရန်တိုက်တွန်းခြင်း၊ အသင်းသားအကျိုးခံစားခွင့်များကို သိရှိစေရန် ပြန်လည်မျှဝေပေး ခြင်းနှင့် အသင်းစီမံခန့်ခွဲသူများအနေဖြင့် ထိရောက်စွာ စီမံဆောင်ရွက်ပေးခြင်းတို့ဖြင့် ဤရုံး၏ ငွေစုငွေချေးသမဝါယမအသင်းအောင်မြင်စွာ အဓွန့်ရှည်ရပ်တည်၍ ဝန်ထမ်းများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်မြင့်မားအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြား ခဲ့သည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ငွေစုငွေချေးသမဝါယမသင်းလီမိတက် သဘာ ပတိက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် အသင်းစာရင်းစစ်အစီရင်ခံစာတို့ကို အသင်း တာဝန်ရှိသူများက အသီးသီးဖတ်ကြားတင်ပြခဲ့ကြပြီး ဖတ်ကြားခဲ့သည့် အစီရင်ခံစာများအား အတည်ပြုခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ဖိတ်ကြားထားသည့် ဥတ္တရသီရိမြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိက သမဝါယမလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဥတ္တရသီရီမြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းသားများ တက်ရောက်ခဲ့ကြသည်။


၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 29, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Posted on Jun 28, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Posted on Jun 27, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Jun 26, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း

Posted on Jul 1, 2025

အခွန်အယူခံခုံအဖွဲ့က ၁၀-၇-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း

အမည်မည်းစာရင်းကြေညာခြင်း

Posted on Jul 1, 2025

​​​​​​​၁။      နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၃ဝ) ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၆ဝ) ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်း သတ်မှတ်ထားပါသည်။