ပြည်ထောင်စုနေ့နှင့် တရုတ်နှစ်သစ်ကူး ပိတ်ရက်ရှည်အတွက် ပုဂံခရီးသွားလုပ်ငန်းများနှင့် ဒေသခံတို့ ကြိုတင်ပြင်ဆင်ထား

ပြည်ထောင်စုနေ့နှင့် တရုတ်နှစ်သစ်ကူး ပိတ်ရက်ရှည်အတွက် ပုဂံခရီးသွားလုပ်ငန်းများနှင့် ဒေသခံတို့ ကြိုတင်ပြင်ဆင်ထား


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 25, 2026
image_latest


ရန်ကုန် ဇန်နဝါရီ ၂၄

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးတည်ရှိရာ ပုဂံဒေသသို့ ရုံးပိတ်ရက်ရှည်ကာလ၌ ခရီးသွားမပြတ်ဝင်ရောက်လေ့ရှိရာ ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)မှစ၍ ဖေဖော်ဝါရီ ၁၇ ရက် တရုတ်နှစ်သစ်ကူးနေ့အထိ ပိတ်ရက်ခြောက်ရက်တာကာလအတွင်း ပုဂံယဉ်ကျေးမှုဒေသသို့ ခရီးသွားစည်ကား စွာဝင်ရောက်မည်ဟု ခရီးသွားလုပ်ငန်းများနှင့်ဒေသခံတို့က ခန့်မှန်းထားရာ ခရီးသွားများအဆင်ပြေချောမွေ့စေရန် ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။

“ကျွန်တော်တို့တည်းခိုခန်းမှာ ဖေဖော်ဝါရီလ ပိတ်ရက် ခြောက်ရက်အတွင်း ၁၂ ရက်ကနေ ၁၄ ရက်အထိ အခန်းတွေပြည့်နေပါပြီ။ နယ်မြေအေးချမ်းတဲ့အတွက် ဒီဇင်ဘာလနဲ့ ဇန်နဝါရီလ နှစ်သစ်ကူး ပိတ်ရက်တွေမှာလည်း ခရီးသွားမပြတ်ဝင်ခဲ့တဲ့အတွက် ဟိုတယ်နဲ့တည်းခိုခန်းတွေ ပြည့်ခဲ့ပါတယ်။ ကျောင်းပိတ်ရက်နဲ့တိုက်ဆိုင်သွားရင် ပုဂ္ဂလိက ကျောင်းတွေက လူရာနဲ့ချီပြီး လာရောက်လည်ပတ်တဲ့အတွက် ဟိုတယ်၊ တည်းခိုခန်းတွေပြည့်လေ့ရှိပါတယ်။ ခရီးသွားကိုအခြေခံတဲ့ ဒေသဖြစ်တဲ့ အတွက် ဒီပိတ်ရက်ရှည်မှာလည်း စိတ်အေးချမ်းစွာ တည်းခိုနိုင်အောင် အားလုံးကြိုတင်ပြင်ဆင်ထားပါတယ်” ဟု ပုဂံဟိုတယ်ခြံအမှတ်(၈)မှ ဦးမိုးဝေက ပြောသည်။

ပြည်တွင်း၊ ပြည်ပခရီးသွားများ ပုဂံဒေသသို့ ရောက်ရှိချိန်တွင် ပြည်တွင်းခရီးသွားများအနေဖြင့် အထင်ကရဘုရား၊ စေတီ ၁၈ ဆူနှင့် ပုဂံအမှတ်တရနေရာများသို့ လည်ပတ်ကြလေ့ရှိပြီး ပြည်ပခရီးသွား များအနေဖြင့် ရှေးဟောင်းစေတီပုထိုးများ၊ ဧရာဝတီမြစ်ကမ်းပါး၊ အပန်းဖြေနေရာများ၊ ညနေဆည်းဆာ နေရာများနှင့် ရိုးရာလက်မှုလုပ်ငန်းများကို ကြည့်ရှု လေ့လာလေ့ရှိသည်။

“ဒီနှစ်ပုဂံမှာ နှစ်သစ်ကူးချိန်ကစပြီး ခရီးသွားဝင်ရောက်ခဲ့တာ အားရစရာပါ။ တစ်ပတ်ကို ဘုရားဖူး ၅၀၀၀၀ ကျော်ဝင်ခဲ့ပါတယ်။ ရုံးပိတ်ရက်ရှည်ကာလမှာ တစ်ရက်ကိုခရီးသွား ၁၀၀၀၀ နီးပါးဝင်ရောက် ခဲ့တာတွေ့ရပါတယ်။ ပုဂံကို နိုင်ငံခြားခရီးသွားတွေလည်းဝင်နေပါပြီ။ ခြောက်ရက်တာပိတ်ရက်မှာ ခရီးသွားပြည်သူများအားလုံး ဘုရား၊ စေတီ၊ ပုထိုးများမှာ အေးချမ်းစွာကုသိုလ်ယူပြီး မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်များကို လေ့လာကြည့်ရှုနိုင်တဲ့အပြင် ပုဂံဒေသရဲ့သဘာဝအလှကို ကြည့်ရှုခံစားဖို့ ဖိတ်ခေါ်ပါတယ်”ဟု ရွှေစည်းခုံ စေတီတော်ဂေါပကဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောကြားသည်။

နှစ်သစ်ကူးပိတ်ရက်ကာလတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ သို့ အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ပြင်သစ်၊ ပိုလန်၊ စပိန်၊ ကနေဒါ၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့မှ ခရီးသွားများဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်၊ ၁၅ ရက် ရုံးပိတ်ရက်နှင့် ၁၆ ရက်၊ ၁၇ ရက် တရုတ်နှစ်သစ်ကူး ပိတ်ရက်တို့တစ်ဆက်တည်းဖြစ်၍ ပြည်တွင်းခရီးသွားများအပြင် နိုင်ငံခြား ခရီးသွားများလည်း နှစ်ဆန်းပိုင်း နှစ်သစ်ကူးပိတ်ရက်ထက် ပိုမိုစည်ကားစွာ ခရီးသွားဝင်ရောက်လာမည်ဟု ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများက ခန့်မှန်းထားခြင်းဖြစ်သည်။

ဓာတ်ပုံ - ကိုလွင်၊ ဥဿ


၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 25, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Posted on Jan 24, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Posted on Jan 23, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Posted on Jan 22, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 21, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Posted on Jan 20, 2026