ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယဉ်ကျေးမှုအဖွဲ့များရောက်ရှိ

ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယဉ်ကျေးမှုအဖွဲ့များရောက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 03, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော် စည်ပင်ဧည့်ရိပ်သာသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုရောက်ရှိလာသည့် ယဉ်ကျေးမှုအဖွဲ့များကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်သည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန်အတွက် မကွေးတိုင်းဒေသကြီး ကိုယ်စားပြုရောက်ရှိလာသည့် အုပ်ချုပ်သူတစ်ဦး၊ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး၂၁ ဦး စုစုပေါင်း ၃၆ ဦး၊ ရခိုင်ပြည်နယ် ကိုယ်စားပြုရောက်ရှိလာသည့် အုပ်ချုပ်သူတစ်ဦး၊ အမျိုးသားရှစ်ဦး၊ အမျိုးသမီး ၃၁ ဦး စုစုပေါင်း၄၀၊ ချင်းပြည်နယ် ကိုယ်စားပြုရောက်ရှိလာသည့် အုပ်ချုပ်သူတစ်ဦး၊ အမျိုးသား ၂၀၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၃၆ ဦးတို့ကို အိုးစည်၊ ဒိုးပတ်များနှင့် နွေးထွေးလှိုက်လှဲစွာဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်သည်။

ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ယဉ်ကျေးမှုအဖွဲ့များကို တည်းခိုနေထိုင်မည့် အိပ်ဆောင်များတွင် စနစ်တကျနေရာချထားပေးခြင်း၊ အဖွဲ့လိုက် နံနက်စာ၊နေ့လယ်စာနှင့် ညစာကျွေးမွေးမှုများတွင် လစ်ဟင်းမှုများမရှိစေရေးနှင့် တည်းခိုနေထိုင်စဉ်ကာလအတွင်း အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Posted on Feb 28, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Posted on Feb 27, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Feb 26, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 25, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Feb 24, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Feb 23, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

Posted on Feb 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

Posted on Feb 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

Posted on Feb 26, 2026

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ