ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Alexei Bashan အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Alexei Bashan အား လက်ခံတွေ့ဆုံ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 27, 2025
နေပြည်တော် ဒီဇင်ဘာ ၂၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးသည် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဒုတိယဥက္ကဋ္ဌ Mr. Alexei Bashan ဦးဆောင်သောအဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌက ဘယ်လာရုစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် အရေးပါသည့် ရွေးကောက်ပွဲကြီးကို ထောက်ခံအားပေးကြောင်း၊ ယခုလိုလာရောက်လေ့လာခွင့်ရသည့်အတွက် ဝမ်းသာဂုဏ်ယူမိကြောင်းနှင့် အထူးကျေးဇူးတင်ရှိကြောင်း နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မိမိတို့ ရွေးကောက်ပွဲကို အားပေးထောက်ခံမှုအပြည့်ဖြင့် လာရောက်လေ့လာသည့်အတွက် လှိုက်လှဲစွာကြိုဆိုကြောင်း၊ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးသည့် သံတမန်ဆက်ဆံရေးသည် ၁၉၉၉ ခုနှစ်မှ ယနေ့အထိ ၂၆ နှစ်တိုင် ရှိပြီဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ရွေးကောက်ပွဲကျင်းပရာတွင် ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာနှင့် လွယ်ကူမှန်ကန်စွာမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ အများယုံကြည်သည့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်အောင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအား ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ထားရှိမှုများ၊ နှစ်နိုင်ငံရွေးကောက်ပွဲကော်မရှင်များအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး၍ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဘယ်လာရုစ်နိုင်ငံတွင်လည်း ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမှု အခြေအနေကို ဆွေးနွေးပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာရမည့် အစီအစဉ်များ၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲအဖြစ် ဆောင်ရွက်နေမှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး အမှတ်တရပစ္စည်းများ အပြန်အလှန်ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် ညမထွက်ရအမိန့် ရုပ်သိမ်း
Posted on Dec 26, 2025ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၄)မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခဲ့ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက်ကောင်းမွန်လာပြီဖြစ်ပါသဖြင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များ တိုးတက်ဆောင်ရွက်နိုင်ရေး၊ အများပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ လက်ရှိထုတ်ပြန်ထားသော နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရ အမိန့်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်မှစတင်၍ ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။