ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ အပူပိုင်းဒေသ(၁၃)ခရိုင် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပပြုလုပ်မည့် နေရာများ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုအား ဆက်လက်ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ အပူပိုင်းဒေသ(၁၃)ခရိုင် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပပြုလုပ်မည့် နေရာများ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုအား ဆက်လက်ကြည့်ရှုစစ်ဆေး


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန/ နေပြည်တေ် / July 10, 2025


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ၉-၇-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းဘေး တပင်ကန်အနီးရှိ ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထားသော သစ်တောစိုက်ခင်းအား ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးချို-ချောက်ကားလမ်းဘေး ဆင်ကကြိုးပြင်ကာကွယ်တောတွင် ၂၀၂၅ ခုနှစ် မိုးရာသီ လူထု လှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေ အားကြည့်ရှုစစ်ဆေးပြီး ဂွေးချို-ချောက်ကားလမ်းဘေးရှိ အထူးစိမ်းလန်းစိုပြည်ရေးဇုန် ဧရိယာ (Greening Complex Zone)အား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဂွေးချို-ချောက်ကားလမ်းရှိ ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးထားသော လမ်းဘေး ဝဲ/ယာ စိမ်းလန်းစိုပြည်ရေးစိုက်ခင်းများနှင့် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုး ထားသော လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းတို့ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောက်ပန်းတောင်း-မကွေးကားလမ်း မိုင်တိုင်အမှတ်(၃၅၈/၃)ရှိ ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးထားသော  ရေနံချောင်းမြို့နယ်၊ ယာကြီးပြင် ကျေးရွာဘက်စုံသုံး တစ်ရွာ(၂)ဧက စိုက်ခင်းအား ကြည့်ရှုစစ်ဆေးရာ ရှင်သန်အောင်မြင်စေရေး အတွက် ဆက်လက်ပြုစုထိန်းသိမ်းသွားရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရေနံချောင်းမြို့နယ်၊ နတ်ကန်ဦးကြိုးပြင် ကာကွယ်တောရှိ အထူးစိမ်းလန်းစိုပြည်ရေးဇုန် စီမံကိန်းဧရိယာသို့ရောက်ရှိရာ အပင်များ ရှင်သန် အောင်မြင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင် စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်မည့်နေရာတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများအား ကြည့်ရှု သည်။

ဆက်လက်၍ ၂၀၂၀ ခုနှစ်တွင် စိုက်ပျိုးထားသော အထူးစိမ်းလန်းစိုပြည်ရေးဇုန်စီမံကိန်းသို့ ရောက်ရှိပြီး အပင်များ အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုပြီး ၂၀၂၂ ခုနှစ်တွင် စိုက်ပျိုးထားသော စံပြတမာစိုက်ခင်း(၁၀၀)ဧကအား ကြည့်ရှုစစ်ဆေးပြီး အောင်မြင်ဖြစ်ထွန်းနေမှုများအား ဆက်လက် ထိန်းသိမ်းသွားရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေနံချောင်းမြို့နယ်ရှိ ဖန်ခါးစမ်း အမြဲတမ်း ပျိုးဥယျာဉ်ရှိ ၂၀၂၆ ခုနှစ် မိုးရာသီတွင် အထူးစိမ်းလန်းစိုပြည်ရေးဇုန် စီမံကိန်းအတွက် စိုက်ပျိုးရန် ပျိုးထောင်ထားသော ပျိုးပင်များအား ကြည့်ရှု စစ်ဆေးခဲ့သည်။


၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 30, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Posted on Jul 29, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


Posted on Jul 27, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 26, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။


Posted on Jul 26, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။


Posted on Jul 25, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card- OWIC) ပေါ်တွင် လုံခြုံရေး Sticker အသုံးပြုသွားမည့်ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်

Posted on Jul 29, 2025

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံများသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါ ခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ

Posted on Jul 28, 2025

စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ

Posted on Jul 28, 2025

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ