ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ အပူပိုင်းဒေသ(၁၃)ခရိုင် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပပြုလုပ်မည့် နေရာများ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုအား ဆက်လက်ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ အပူပိုင်းဒေသ(၁၃)ခရိုင် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပပြုလုပ်မည့် နေရာများ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုအား ဆက်လက်ကြည့်ရှုစစ်ဆေး


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန/ နေပြည်တေ် / July 10, 2025


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ၉-၇-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းဘေး တပင်ကန်အနီးရှိ ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထားသော သစ်တောစိုက်ခင်းအား ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးချို-ချောက်ကားလမ်းဘေး ဆင်ကကြိုးပြင်ကာကွယ်တောတွင် ၂၀၂၅ ခုနှစ် မိုးရာသီ လူထု လှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေ အားကြည့်ရှုစစ်ဆေးပြီး ဂွေးချို-ချောက်ကားလမ်းဘေးရှိ အထူးစိမ်းလန်းစိုပြည်ရေးဇုန် ဧရိယာ (Greening Complex Zone)အား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဂွေးချို-ချောက်ကားလမ်းရှိ ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးထားသော လမ်းဘေး ဝဲ/ယာ စိမ်းလန်းစိုပြည်ရေးစိုက်ခင်းများနှင့် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုး ထားသော လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းတို့ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောက်ပန်းတောင်း-မကွေးကားလမ်း မိုင်တိုင်အမှတ်(၃၅၈/၃)ရှိ ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးထားသော  ရေနံချောင်းမြို့နယ်၊ ယာကြီးပြင် ကျေးရွာဘက်စုံသုံး တစ်ရွာ(၂)ဧက စိုက်ခင်းအား ကြည့်ရှုစစ်ဆေးရာ ရှင်သန်အောင်မြင်စေရေး အတွက် ဆက်လက်ပြုစုထိန်းသိမ်းသွားရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရေနံချောင်းမြို့နယ်၊ နတ်ကန်ဦးကြိုးပြင် ကာကွယ်တောရှိ အထူးစိမ်းလန်းစိုပြည်ရေးဇုန် စီမံကိန်းဧရိယာသို့ရောက်ရှိရာ အပင်များ ရှင်သန် အောင်မြင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင် စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်မည့်နေရာတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများအား ကြည့်ရှု သည်။

ဆက်လက်၍ ၂၀၂၀ ခုနှစ်တွင် စိုက်ပျိုးထားသော အထူးစိမ်းလန်းစိုပြည်ရေးဇုန်စီမံကိန်းသို့ ရောက်ရှိပြီး အပင်များ အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုပြီး ၂၀၂၂ ခုနှစ်တွင် စိုက်ပျိုးထားသော စံပြတမာစိုက်ခင်း(၁၀၀)ဧကအား ကြည့်ရှုစစ်ဆေးပြီး အောင်မြင်ဖြစ်ထွန်းနေမှုများအား ဆက်လက် ထိန်းသိမ်းသွားရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေနံချောင်းမြို့နယ်ရှိ ဖန်ခါးစမ်း အမြဲတမ်း ပျိုးဥယျာဉ်ရှိ ၂၀၂၆ ခုနှစ် မိုးရာသီတွင် အထူးစိမ်းလန်းစိုပြည်ရေးဇုန် စီမံကိန်းအတွက် စိုက်ပျိုးရန် ပျိုးထောင်ထားသော ပျိုးပင်များအား ကြည့်ရှု စစ်ဆေးခဲ့သည်။


၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Posted on May 17, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Posted on May 17, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Posted on May 16, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Posted on May 15, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Posted on May 14, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 13, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း

Posted on May 14, 2026

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

Posted on May 14, 2026

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း

Posted on May 14, 2026

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း