ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံဆိုင်ရာအီဂျစ်နိုင်ငံ သံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim ကိုလက်ခံတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံဆိုင်ရာအီဂျစ်နိုင်ငံ သံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim ကိုလက်ခံတွေ့ဆုံ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / August 16, 2025

နေပြည်တော် ဩဂုတ် ၁၅
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် ရန်ကုန်မြို့ အခြေစိုက်မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံ သံအမတ်ကြီး မစ္စစ် အေယာမိုဟာမက်အာဘ်ဒယ်ကာရင်ကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးကိစ္စရပ်များ၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ဆုများ ပေးအပ်ရေး၊ ဆေးဘက်ဆိုင်ရာ ပညာရှင်များ အပြန်အလှန်အတွေ့အကြုံများ ဖလှယ်ရေးနှင့် လေ့ကျင့်သင်ကြား ပေးရေးကိစ္စရပ်များ၊ အသည်းနှင့် နှလုံးခွဲစိတ်ကုသရေးနှင့် အစားထိုးကုသရေးအစရှိသည့် ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ အီဂျစ်နိုင်ငံမှ ထုတ်လုပ်သည့် ကာကွယ်ဆေးများ၊ ဆေးနှင့်ဆေးပစ္စည်းများ တင်သွင်းရောင်းချနိုင်ရေးနှင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံထုတ်လုပ်ရေးကိစ္စရပ်များ၊ အသည်းရောင်အသားဝါစီပိုးကုသရေးလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ အစရှိသည်တို့ကို ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း
Posted on Aug 15, 2025တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း
Posted on Aug 15, 2025တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း
အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း
Posted on Aug 15, 2025အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း