ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှု ကြည့်ရှုအားပေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှု ကြည့်ရှုအားပေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 18, 2026
နေပြည်တော် မတ် ၁၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ Naypyitaw State Academy ပါမောက္ခချုပ်၊ တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်(ဥပဒေ)၊ ပထမနှစ် ဂုဏ်ထူးတန်း၊ ဒုတိယနှစ်ဂုဏ်ထူးတန်း၊ တတိယနှစ်ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ်သင်တန်း၊ မဟာတန်း ပထမနှစ်နှင့် မဟာတန်းဒုတိယနှစ် သင်တန်းများ၏ ပထမပညာသင်ကာလ စာမေးပွဲများတွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
Naypyitaw State Academy ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမပညာသင် ကာလ စာမေးပွဲများကို မတ် ၁၆ ရက်မှ ၂၄ ရက်အထိ ကျင်းပလျက်ရှိပြီး ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး၊ စာမေးပွဲလုပ်ငန်းများ အဆင်ပြေချောမွေ့ရေး ဖြည့်ဆည်းဆောင်ရွက်ရန် မှာကြားသည်။
ကြည့်ရှုအားပေး
ထို့နောက် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးသည်။
နေပြည်တော်ကောင်စီ နယ်မြေရှိ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန စုစုပေါင်း ၄၉ ခု၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ကျောင်းသား ကျောင်းသူ ၁၄၉၁၄ ဦး စာရင်းပေးသွင်းကြပြီးဆဋ္ဌမနေ့ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်ဖြေဆိုသူ ၁၄၀၈၅ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြောင်း သိရသည်။
သတင်းစဉ်
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
Posted on Mar 16, 2026အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
Posted on Mar 16, 2026၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း
Posted on Mar 16, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း
