ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မင်းဘူးမြို့ ခရိုင်အားကစားကွင်း အဆင့်မြှင့်တင်ပြုပြင်နေမှုနှင့် ၂၀၂၆ ခုနှစ် မိုးရာသီ သစ်တောစိုက်ခင်းတည်ထောင်ရန် ပြင်ဆင်ထားမှု ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မင်းဘူးမြို့ ခရိုင်အားကစားကွင်း အဆင့်မြှင့်တင်ပြုပြင်နေမှုနှင့် ၂၀၂၆ ခုနှစ် မိုးရာသီ သစ်တောစိုက်ခင်းတည်ထောင်ရန် ပြင်ဆင်ထားမှု ကွင်းဆင်းစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 02, 2026
image_latest


နေပြည်တော် ဧပြီ ၁

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ ခရိုင်အားကစားကွင်းသို့ သွားရောက်၍ အားကစားကွင်းအားအဆင့် မြှင့်တင်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခရိုင်အားကစားကွင်းအတွင်းပတ်လမ်းနှင့် အပြင်ပတ်လမ်း အုတ်ရေမြောင်း ၃၁၀၂ ပေ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လျာထားချက်အတိုင်း အချိန်မီ ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် မင်းဘူးမြို့နယ်ရှိ ကန်ရေပျိုးဥယျာဉ် တွင် ၂၀၂၆ ခုနှစ် မိုးရာသီ၌ စိုက်ပျိုးရန် သစ်မျိုးခုနစ်မျိုးဖြင့် ပျိုးပင်ပေါင်း ၉၀၀၀၀ ကျော် ပျိုးထောင်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး သက်တမ်းနှစ်နှစ်၊ အမြင့်နှစ်ပေအထက်ပျိုးပင်များ စဉ်ဆက်မပြတ်ရရှိရေးဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့နယ် ဆင်ခေါင်း-ဇီးအိုင် ကြိုးပြင်ကာကွယ် တောအတွင်း ၂၀၂၆ ခုနှစ် မိုးရာသီတွင် ကျေးရွာထင်းစိုက်ခင်း ဧက ၃၀၊ အထူးစိမ်းလန်းစိုပြည်ရေး စိုက်ခင်းဧက ၄၀ နှင့် ဧက ၃၀ တို့ တည်ထောင်ဆောင်ရွက်နိုင်ရေး မြေပြုပြင်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး စိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းစဉ်များ အဆင့်အလိုက် အချိန်မီပြီးစီးရေး၊ တစ်ပင်စိုက်တစ်ပင်ရှင်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် ၂၀၂၆ ခုနှစ် မိုးရာသီတွင် မင်းဘူးခရိုင်အတွင်း သစ်ပင်ပေါင်း ၂၉၀၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။