ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးသံမှူး Mr. Andrei Iunak အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးသံမှူး Mr. Andrei Iunak အား လက်ခံတွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 29, 2026
image_latest

နေပြည်တော် ဧပြီ ၂၈

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးသံမှူး Mr. Andrei Iunak အား ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၆) ရှိ ဧည့်ခန်းမတွင် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဧပြီလ ဒုတိယပတ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် လေ့ကျင့်သင်ကြားပေးရေးတို့အတွက် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးသွားရန် ပြင်ဆင်နေသည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး ကိစ္စတို့အား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။

Posted on Apr 29, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။

Posted on Apr 28, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။

Posted on Apr 27, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။

Posted on Apr 26, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။

Posted on Apr 25, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။

Posted on Apr 24, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

Posted on Apr 27, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။