ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC)ထုတ်ပေးရေးစခန်းအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC)ထုတ်ပေးရေးစခန်းအား ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 03, 2026
image_latest


ရန်ကုန် မေ ၂

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းသို့သွားရောက်၍ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card– OWIC) ထုတ်ပေးရေးစခန်းများကို သွားရောက်စစ်ဆေးသည်။

အဆိုပါနေရာတွင် MoU စနစ်ဖြင့် ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်မည့် လုပ်သားများ၊ မိမိအစီအစဉ်ဖြင့် ပြည်ပသို့သွားရောက်မည့် ကျွမ်းကျင်လုပ်သားများနှင့် ပြည်ပနိုင်ငံများမှ ခွင့်ပြန်လုပ်သားများအတွက် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) အား Cashless စနစ်ဖြင့် တစ်နေရာတည်းတွင် ပြုလုပ်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး တာဝန်ခံအရာရှိများ၏ ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက OWIC ထုတ်ပေးရေးလုပ်ငန်းစဉ်တွင်အသုံးပြုသည့် စက်ပစ္စည်းများကို စနစ်တကျကိုင်တွယ်အသုံးပြုရန်၊ အလုပ်သမားများ၏အခက်အခဲများကို စည်းမျဉ်းစည်းကမ်းနှင့်အညီ ကူညီဖြေရှင်းဆောင်ရွက်ပေးရန်နှင့် အလုပ်သမားများနှင့် လုပ်ငန်းစဉ်အပေါ် စေတနာထား၍ ဆောင်ရွက်ကြရန်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းကျောင်းကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ပြည်ပသို့သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများနှင့်ပတ်သက်၍ လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်၊ လမ်းညွှန်သင်တန်းပို့ချမှုများကို အလုပ်သမားများ ရှင်းလင်းစွာနားလည်သိရှိစေရေး လုပ်ငန်းခွင်နှင့်သက်ဆိုင်သောအကြောင်းအရာများ သင်ကြားပို့ချသွားရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on May 03, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Posted on May 02, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Posted on May 01, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Posted on Apr 30, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 29, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on Apr 28, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

Posted on May 1, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။