ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 28, 2025
နေပြည်တော် အောက်တိုဘာ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပပြုလုပ်သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှုများအား အသီးသီး ဆွေးနွေးတင်ပြ
ဦးစွာ ပြည်ထောင်စုဝန်ကြီးများက ဆွေးနွေးတင်ပြကြရာတွင် ဒေသအလိုက် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိမှု၊ စိုက်ဧက၊ အထွက်နှုန်းများနှင့်ပတ်သက်၍ နှစ်အလိုက် နှိုင်းယှဉ်တွေ့ရှိချက်များ၊ စပါးသီးနှံနှင့် ချည်မျှင်ရှည်ဝါ အထွက်နှုန်းများ၏ ဖြစ်နိုင်ချေဆန်းစစ်ချက်များ၊ ဒေသအလိုက် မြေနိမ့်ကော်ဖီဖြစ်ထွန်းအောင်မြင်မှုနှင့် တိုးချဲ့စိုက်ပျိုးနိုင်မှု၊ ဒေသအလိုက် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် လူဦးရေအရ အသား၊ ငါးနှင့် ဥအမျိုးမျိုးဖူလုံမှု၊ ရေနက်ကွင်းဧရိယာများကို ငါးကန်တူးဖော်ပြီး သီးနှံစိုက်ပျိုးမြေဖော်ထုတ်၍ သီးနှံစိုက်ပျိုးခြင်းနှင့် ငါးမွေးမြူခြင်းကို ယှဉ်တွဲဆောင်ရွက်နိုင်မှုနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုတင်ပြချက်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုများကို တောင်သူများ၏ လက်ဝယ်အရောက် ပေးအပ်ပြီး အသိပညာပေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန် လိုအပ်မှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့အရင်းအမြစ်များအား နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားအတွက် စနစ်တကျ ဖော်ထုတ်အသုံးပြုနိုင်ရန် လိုအပ်မှု၊ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုပေးခဲ့မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ခဲ့မှုနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြကြသည်။
ထို့နောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြရာတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ အရှိန်အဟုန်ဖြင့် တိုက်ဖျက် ဆောင်ရွက်လျက်ရှိမှုနှင့် ဖော်ထုတ်ဖမ်းဆီးရမိမှုအခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌လည်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ မှန်မှန်ကန်ကန်ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် လိုအပ်မှု၊ လျာထားလုပ်ငန်းများအတွက် သာမာန်ငွေလုံးငွေရင်းအသုံးစရိတ်များကို ခွင့်ပြုပေးခဲ့မှုနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများအပေါ် စိစစ်တင်ပြချက်များ၊ လုပ်ငန်းရပ်များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် ပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်မှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဆွေးနွေးတင်ပြကြရာတွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အဆောက်အဦများအား ပြုပြင်ဆောင်ရွက်လျက်ရှိမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ အသေးစား၊ အလတ်စားနှင့် အငယ်စား MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်လျက်ရှိမှု၊ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် ဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြကြသည်။
ဘဏ္ဍာငွေသုံးစွဲမှုများ မှန်မှန်ကန်ကန်နှင့် အကျိုးရှိရှိဖြစ်စေရေး
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဆွေးနွေးမှာကြားရာတွင် ဘဏ္ဍာငွေသုံးစွဲမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် နိုင်ငံတော်မှ ခွင့်ပြုပေးထားသည့် ဘဏ္ဍာငွေများကို အကျိုးရှိရှိ အသုံးပြုသွားရန်လိုကြောင်း၊ လုပ်ငန်းရပ်များအလိုက် ငွေကြေးသုံးစွဲမှုများကို ဆောင်ရွက်သွားမည်ဆိုပါက လည်ပတ်သုံးစွဲငွေ မြင့်တက်လာပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် အခြေခံလူတန်းစားများအနေဖြင့် တစ်ဦးချင်း ဝင်ငွေတိုးပွားလာမည်ဖြစ်ပြီး စားရေး၊ ဝတ်ရေးတို့တွင် သုံးစွဲငွေများ မြင့်တက်လာမည်ဖြစ်ကာ လူမှုစီးပွားများသည်လည်း တိုးတက်မြင့်မားလာနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ငွေကြေးလည်ပတ်မှုများပိုမိုဖြစ်ပေါ် လာစေပြီး ဝယ်လိုအားနှင့် ရောင်းလိုအားများ ကောင်းမွန်လာမည်ဖြစ်ကာ အခြေခံအဆောက်အအုံများ ပိုမိုဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဘဏ္ဍာငွေသုံးစွဲမှုများကို မှန်မှန်ကန်ကန်နှင့် အကျိုးရှိရှိ အသုံးချဆောင်ရွက်သွားကြရန်လိုကြောင်း။
ထို့အပြင် ခွင့်ပြုငွေများအလိုက် အချိန်တိုအတွင်း၌ နိုင်ငံတော်နှင့် အများပြည်သူတို့အတွက် အကျိုးဖြစ်ထွန်းစေနိုင်မည့် (Quick Win) လုပ်ငန်းများကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး
ရွေးကောက်ပွဲနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နည်းလမ်းမျိုးစုံဖြင့် မဲမသမာမှုများပြုလုပ်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ယူခဲ့ရသည့်အစိုးရတစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် လာမည့်ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်မှုမရှိစေရေး Myanmar Electronic Voting Machine (MEVM) ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ (MEVM) စက်များသည် မဲမသမာမှု မည်ကဲ့သို့မျှ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ မှန်ကန်သည့် ရွေးကောက်ပွဲ၊ မဲမသမာမှုမရှိသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး မဲစာရင်းများ မှန်ကန်မှုရှိရေးသည် အဓိကကျကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မဲစာရင်းများ ပြုစုရာတွင် အမှားအယွင်းမရှိစေရေး၊ မဲမသမာမှုများမရှိစေရေး အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ ယနေ့မှစ၍ မဲဆွယ်စည်းရုံးမှု ကာလစတင်မည်ဖြစ်ပြီး ပါတီများအလိုက် မဲဆွယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ကြတော့မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးပြီး တည်ငြိမ်သည့်အစိုးရတစ်ရပ် ထွက်ပေါ်လာစေရေး မျှော်မှန်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးနှင့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ နိုင်ငံ့စီးပွားမြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံ့လူဦးရေ၏ တစ်ဝက်ကျော်ခန့်သည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးကိုဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် MSME ကုန်ထုတ်လုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ အချို့သော စိုက်ပျိုးရေးလုပ်ငန်းများမှရရှိသည့် စက်မှုကုန်ကြမ်းထွက်ကုန်များဖြင့် MSME လုပ်ငန်းများသာမက စက်မှုကုန်ထုတ်လုပ်ငန်းကြီးများကိုလည်း လုပ်ဆောင်နိုင်ကြောင်း၊ ဥပမာအားဖြင့် ရာဘာစိုက်ပျိုးမှုမှ အစပြုသည့် တာယာထုတ်လုပ်ခြင်းကဲ့သို့သော ကုန်ထုတ်စက်မှုလုပ်ငန်းကြီးများ၊ ဝါ စိုက်ပျိုးမှုမှ အစပြုသည့် ချည်မျှင်နှင့် အထည်အလိပ်ထုတ်လုပ်ခြင်းကဲ့သို့သော စက်မှုလုပ်ငန်းကြီးများကို ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး မိမိတို့အနေဖြင့် အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ခြင်းသည် နိုင်ငံ့စီးပွားရေးကို မြှင့်တင်ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ ကျေးလက်စီးပွားရေးကို မြှင့်တင်ပေးမှသာ နိုင်ငံ့စီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ဆန်သီးနှံအပါအဝင် အခြားသီးနှံများကို အရည်အသွေးမြင့်စွာဖြင့် ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ဆောင်ရွက်၍ ပြည်ပသို့ တင်ပို့နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုလည်း ပိုမိဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် ပြည်တွင်းဆီလိုအပ်ချက်ရှိခြင်းကြောင့် ဆီထွက်သီးနှံစိုက်ပျိုးမှုများကို အားပေးဆောင်ရွက်လျက်ရှိသော်လည်း ပြည်ပမှစားသုံးဆီများကို တင်သွင်းနေရဆဲဖြစ်ကြောင်း၊ ဆီထွက်သီးနှံ နှမ်းနှင့် မြေပဲစိုက်ပျိုးမှုများ ရှိသော်လည်း မိရိုးဖလာစားသုံးမှုနှင့် ပြည်ပတင်ပို့မှုများကြောင့် ပြည်တွင်းဆီဖူလုံမှုအတွက် လိုအပ်ချက်များ ရှိနေသေးကြောင်း၊ နေကြာစိုက်ပျိုးခြင်းဖြင့် ပြည်တွင်းဆီဖူလုံမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ပြီး ပြည်ပမှဆီတင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
စိုက်ပျိုးရေးကဏ္ဍတွင် ကော်ဖီသည် နှစ်ရှည်သီးနှံဖြစ်ပြီး မိမိတို့နိုင်ငံမှ ထွက်ရှိသည့် အာရေးဗီးကား ကော်ဖီသည် ကမ္ဘာပေါ်တွင် နာမည်ကောင်းရရှိပြီးဖြစ်ပြီး ဈေးကွက်ရရှိပြီးဖြစ်ကြောင်း၊ မြေနိမ့်ကော်ဖီ ရိုဘက်စတာကိုလည်း နိုင်ငံအနှံ့စိုက်ပျိုးနိုင်ကြောင်း၊ ကော်ဖီစိုက်ပျိုးမှုနှင့်ပတ်သက်၍ နှစ်ရှည်ဝင်ငွေရသည့် သီးနှံအဖြစ် စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ ငရုတ်ကောင်းကဲ့သို့ ဥယျာဉ်သီးနှံများကိုလည်း စိုက်ပျိုး၍ ရရှိနိုင်ကြောင်း၊ စိုက်ပျိုးတောင်သူများကိုလည်း လိုအပ်သည့် အသိပညာပေးမှုများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌လည်း မိမိတို့ဒေသအလိုက် ပိုင်ဆိုင်ထားသည့် အရင်းအမြစ်များကို ကောင်းမွန်အကျိုးရှိစွာ အသုံးချနိုင်ရေး လေ့လာဆန်းစစ်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်နှင့် ဒေသအတွက် အကျိုးရှိနိုင်မည့် လုပ်ငန်းရပ်များကို ဆောင်ရွက်သွားနိုင်ရေး ရှုထောင့်ပေါင်းစုံမှကြည့်၍ ဆောင်ရွက်သွားကြရန်လိုကြောင်း။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်ဝသည့် လူသားအရင်းအမြစ်ကောင်းများ လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ အသက် ၂၅ နှစ်အထက်လူဦးရေ၏ ၄၆ ရာခိုင်နှုန်းခန့်သည် ပညာရေးအားနည်းသဖြင့် ပညာရေးကို အလေးပေးမြှင့်တင်ဆောင်ရွက်သွားရန် မဖြစ်မနေလိုအပ်မည်ဖြစ်ပြီး ပညာရေးအားကောင်းလာမှသာလျှင် လူသားအရင်းအမြစ်ကောင်းများကိုလည်း ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်မှုမရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ များစွာရှိကြောင်း၊ မိမိတို့တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်မှ ယခုအချိန်အထိကာလအတွင်း၌ပင် တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့ပြီး အောင်မြင်ခြင်းမရှိခဲ့သူ လူဦးရေ ၅ သန်းခန့်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံတော်အတွက် မည်ကဲ့သို့ အသုံးချနိုင်မည်ကို စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တာဝန်ရှိသူများ၊ ပညာရှင်များနှင့်တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် Polytechnic ကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကွန်ပြူတာနှင့် နည်းပညာကို ပေါင်းစပ်ထားသည့် Polytechnic University များကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှုရှိခဲ့ပြီး အကျိုးရလာဒ်များကို တွေ့မြင်ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် ပညာရေးနှင့်ပတ်သက်ပါက ရေရှည်အနာဂတ်အကျိုးကိုကြည့်၍ စီမံဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ အများစုအနေဖြင့် အလယ်တန်းအဆင့်တွင်ပင် ပညာရေးဆုံးခန်းတိုင်မှုများလည်းရှိနေကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာသင်အထက်တန်းကျောင်းများကို ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် အောင်မြင်မှုများ အထိုက်အလျောက်ရရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးနယ်ပယ်နှင့် စက်မှုနယ်ပယ်တို့တွင် ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရန် မဖြစ်မနေ လိုအပ်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌လည်း ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ရေးနှင့်ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များကို အလေးထားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့်အတူ ပြည်သူလူထုနှင့်သက်ဆိုင်သည့်နေရာများ၊ အားကစားကွင်းများ အဆင့်မီမီဖြစ်ပေါ်လာစေရေး
မြို့သာယာလှပရေးနှင့်ပတ်သက်၍ မြို့ပြတိုးချဲ့တည်ဆောက်မှုစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မြို့ကွက်များ တိုးချဲ့ဆောင်ရွက်ခြင်းအတွက် ရေ၊ မီး၊ လမ်းနှင့် အခြေခံအဆောက်အဦစသည်ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရကြောင်း၊ ထို့ကြောင့် အချို့နေရာများတွင် မြေနေရာကို တန်ဖိုးရှိစွာ အသုံးချနိုင်ရေး၊ အဆင့်မီအိမ်ယာ၊ တိုက်ခန်းများ ဆောက်လုပ်ပေးခြင်းဖြင့် မြို့ပြအဆင့်အတန်းမြှင့်တင်ခြင်းက ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်း၊ မြို့ကွက်သစ်များ ဖော်ဆောင်ထားသည်နှင့်အညီ အမှန်တကယ်အဆောက်အဦများနှင့် နေထိုင်သူများ ဖြစ်ပေါ်လာရန်လည်းလိုကြောင်း၊ မြို့သာယာလှပရေးနှင့်ပတ်သက်၍ ချမှတ်ထားသည့် စည်ပင်သာယာ စည်းမျဉ်းစည်းကမ်းများနှင့်အညီဖြစ်ရန်လိုပြီး စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန်လည်းလိုကြောင်း၊ စည်ပင်သာယာရေးဆိုင်ရာ ဝန်ထမ်းများအနေဖြင့် မိမိတို့ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်သည်များကို တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားရန် လိုအပ်ကြောင်း။
မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်မှုနှင့်အတူ မြို့နေပြည်သူလူထုတို့အတွက် အပန်းဖြေအနားယူရန်နေရာများ၊ ပြည်သူလူထုနှင့်သက်ဆိုင်သည့်နေရာများကိုလည်း ဖော်ဆောင်ပေးသွားရန်လိုကြောင်း၊ တက္ကသိုလ်၊ ကောလိပ်များအလိုက်၌လည်း ပျော်ပွဲရွှင်ပွဲများ ကျင်းပနိုင်မည့်နေရာများ၊ အားကစားပွဲများ ကျင်းပနိုင်မည့်နေရာများကိုလည်း ဖော်ဆောင်ပေးထားရမည်ဖြစ်ကြောင်း၊ ထို့ပြင် အခြေခံပညာကျောင်းများ၌လည်း သင့်လျော်သည့် အားကစားကွင်းများရှိစေရေး၊ စာသင်ကျောင်းနှင့်ကိုက်ညီသည့် အခြေခံအဆောက်အဦများ ပြည့်မီမှုရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက်ရှိ လူဦးရေနေထိုင်မှုများပြားသည့် မြို့နယ်များ၌ မီတာ ၄၀၀ ပြေးလမ်းပါ အားကစားကွင်းများကို မိမိတို့အနေဖြင့် ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ ထိုမှတဆင့် မိုးလုံလေလုံအားကစားရုံများ၊ မိုးလုံလေလုံရေကူးကန်များကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက်အနေဖြင့် ပိုင်ဆိုင်ထားပြီးဖြစ်သည့် အားကစားကွင်းများကို ပျက်စီးမှုမရှိစေရေးနှင့် အဆင့်မီမီကစားနိုင်ရေး ထိန်းသိမ်းရမည်ဖြစ်သကဲ့သို့ လိုအပ်နေသည့်အားကစားကွင်းများကိုလည်း သတ်မှတ်ချက်များနှင့်အညီ တင်ပြတောင်းခံသွားရန်လိုကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် လူဦးရေ ၁ သိန်းကျော်ခန့် နေထိုင်လျက်ရှိသည့်မြို့များ၌ ပြည်သူလူထု ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားကဏ္ဍမြှင့်တင်ရေးအတွက် အဆင့်မီအားကစားကွင်းများ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အစိုးရအဖွဲ့များအနေဖြင့် မိမိတို့ဦးဆောင်အုပ်ချုပ်ရသည့် ပြည်နယ်နှင့် ဒေသများကို ကိုယ်စားပြုခြင်းဖြစ်ပြီး မိမိတို့ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးကို အမြဲမပြတ် စဉ်းစားဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ အားကစားကဏ္ဍနှင့်ဆက်စပ်၍ လာမည့်ဒီဇင်ဘာလသည် အားကစားလဖြစ်ပြီး လူထုအားကစားပွဲများ၊ လူထုလမ်းလျှောက်ပွဲများတွင် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်မှုရှိစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း။
မိမိအနေဖြင့် နိုင်ငံတော်အတွက် အကျိုးဖြစ်စေနိုင်မည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်ပြီး မိမိတို့တာဝန်ယူထားရသည့်ကာလအတွင်း နိုင်ငံတော်နှင့် ပြည်သူလူထုတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်နိုင်သည်မှန်သမျှကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
အစည်းအဝေးအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ကရင်ပြည်နယ်အမျိုးသမီးဘောလုံးအသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကို ပေးအပ်ချီးမြှင့်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 29, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
Posted on Oct 28, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
Posted on Oct 27, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 26, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
Posted on Oct 24, 2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်နေ့ရက်များတွင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများ သတင်းရယူခွင့်ရှိကြောင်း အသိပေးကြေညာခြင်း
Posted on Oct 29, 2025၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်နေ့ရက်များတွင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများ သတင်းရယူခွင့်ရှိကြောင်း အသိပေးကြေညာခြင်း
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း
Posted on Oct 28, 2025ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း
အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-
Posted on Sep 19, 2025အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-
