ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 01, 2026
image_latest


နေပြည်တော် ဧပြီ ၃၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ စာတမ်းဖတ်ပွဲ သဘာပတိဆရာတော်ကြီးများဖြစ်ကြသည့် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)၊ ဒုတိယပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဇောတိက၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး)၊ ဒုတိယပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပဒုမသာရနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ဒုတိယ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနောဓိဉာဏ၊ စာတမ်းရှင်ဆရာတော်များ ကြွရောက်တော် မူကြပြီး သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းအောင်၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး သဘာပတိဆရာတော် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)၊ ဒုတိယပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဇောတိက က အဖွင့်ဩဝါဒကထာကိုလည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)၊ ဒုတိယပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ပဒုမသာရကစာတမ်းများနှင့်စပ်လျဉ်း၍ ဩဝါဒကထာကိုလည်းကောင်း မိန့်ကြားချီးမြှင့်တော်မူကြသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ကိုးကွယ်မှုနှင့်သာသနာပြုဌာန၊ ဌာနကြီးမှူး ဆရာတော် ဒေါက်တာဘဒ္ဒန္တဇနကက ‘‘ဗျာဒိတ်တော်နှင့် ခရီးရှည် ပန်းတိုင်’’ စာတမ်းကို လည်း ကောင်း၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မှ အဘိဓမ္မ ပိဋကမဟာဌာန၊ ပါမောက္ခ/ဌာနမှူး ဆရာတော် ဒေါက်တာ ဘဒ္ဒန္တထေရိန္ဒက ‘‘ဘုရားအလောင်းတော်မြတ် ပဋိသန္ဓေယူ ဖွားမြင်တော်မူရာ၌ ထူးခြားဖြစ်ရပ်များ’’ စာတမ်းကိုလည်းကောင်း၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်(စစ်ကိုင်း)မှ သုတေ သနကျမ်းပြုဌာန၊ ပါမောက္ခဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏဝရ က ‘‘မာရဝိဇယမြတ်ဗုဒ္ဓ၏ မာရ်နတ် အောင်မြင်တော်မူခန်းကို လက်တွေ့အသုံးချ ဗုဒ္ဓဘာသာ (Applied Buddhism) ရှုထောင့်ဖြင့် လေ့လာခြင်း’’ စာတမ်းကိုလည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး) မှ ဝိနယပိဋက မဟာဌာန၊ လက်ထောက်ကထိက ဆရာတော် ဘဒ္ဒန္တ သောဘိတက ‘‘မြတ်ဗုဒ္ဓပရိသတ်နှင့် မာရ်နတ်၏ အန္တရာယ်စက်ကွင်း’’ စာတမ်းကိုလည်းကောင်း ဖတ်ကြားကြပြီး စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများက စာတမ်းများအလိုက် သိလိုသည်များကို မေးမြန်းလျှောက်ထားကြရာ စာတမ်းရှင် ဆရာတော်များက ပြန်လည်ဖြေကြားကြသည်။

ယင်းနောက် သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းအောင်က သဘာပတိဆရာတော်ကြီးများနှင့် စာတမ်းရှင်ဆရာတော်များအား စာတမ်းဖတ်ပွဲအခမ်းအနား ဂုဏ်ပြုမှတ်တမ်းလွှာများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် သဘာပတိအပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ဒုတိယ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနောဓိဉာဏက စာတမ်းများနှင့်စပ်လျဉ်း၍ အနှစ်ချုပ်သုံးသပ်ချက် မိန့်ကြားချီးမြှင့်တော်မူပြီး အခမ်းအနားကို ‘‘ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု’’ သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်


၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Posted on May 01, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Posted on Apr 30, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 29, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on Apr 28, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Apr 27, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 26, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

Posted on May 1, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။