ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 22, 2025

ရန်ကုန် အောက်တိုဘာ ၂၁
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယမန်နေ့က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးကလာမည့် ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝန်ထမ်းများအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်အခွင့်အရေးများမဆုံးရှုံးစေရေးနှင့် မိမိနေထိုင်သည့်မြို့နယ်မှ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့သွားရောက်ပြီး မိမိတို့၏ မဲစာရင်း ကျန်ရှိမှုမရှိစေရေးဆောင်ရွက်ရမည်ဖြစ်ကာ နိုင်ငံ့သားကောင်းများ ပီသစွာဖြင့် တစ်ဦးမကျန် သက်ဆိုင်ရာမဲရုံများသို့ သွားရောက်မဲပေးကြရန်လိုအပ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများ၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်းရှိ ရိုးရာအိမ်များနှင့် ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးကာ ဒုတိယဝန်ကြီးကဝန်ထမ်းများ စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဝင်ငွေပိုမိုတိုးတက်ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မူလခန့်မှန်း လျာထားငွေအပေါ် အောက်တိုဘာ ၁၉ ရက်အထိ ကောက်ခံငွေရရှိမှုသည် ၈၉ ဒသမ ၂၅ ရာခိုင်နှုန်းရှိသည့်အတွက် ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 22, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။
Posted on Oct 21, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 19, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။
Posted on Oct 18, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
Posted on Oct 17, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Oct 22, 2025တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
တင်ဒါအောင်မြင်သူစာရင်းထုတ်ပြန်ကြေညာခြင်း
Posted on Oct 21, 2025တင်ဒါအောင်မြင်သူစာရင်းထုတ်ပြန်ကြေညာခြင်း
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း
Posted on Oct 21, 2025နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း