ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / January 22, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာ ခန်းမ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူများ စုစုပေါင်း ၃၀ ဦး တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စုစုပေါင်း ၄၅ ဦးက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)နှင့် အပိုင်း(၂)တို့အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကြေညာထားသည့် နေ့ရက်များအလိုက် အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ကြောင်း၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အပိုင်းလိုက်ကျင်းပခဲ့ရာ မဲရုံများသို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များအနက် ဆန္ဒမဲလာရောက်ပေးခဲ့မှုမှာ ရွေးကောက်ပွဲအပိုင်း(၁)တွင် ၅၂.၁၃ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲအပိုင်း(၂)တွင် ၅၅.၉၅ ရာခိုင်နှုန်းအထိရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အကြမ်းဖက်သမားများက နှောင့်ယှက်ဟန့်တား ဖျက်ဆီးသည့် အကြမ်းဖက်လုပ်ဆောင်ချက်များ ရှိခဲ့သော်လည်း မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏လွတ်လပ်သည့် သဘောဆန္ဒအလျောက် တက်တက်ကြွကြွ စည်းကမ်းရှိစွာ ဆန္ဒမဲများ ပေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း။
ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပပြုလုပ်စဉ်က ကြုံတွေ့ခဲ့ရသည့် အားနည်းချက်များကို ပြန်လည်သုံးသပ်၍ ပိုမိုလုံခြုံစိတ်ချ ကောင်းမွန်သော လုံခြုံရေးဆိုင်ရာ အစီအမံများအတိုင်း အင်အား ဖြည့်တင်း၍ ဆောင်ရွက်ခဲ့ရာ ရွေးကောက်ပွဲအပိုင်း(၂)အား ပိုမိုကောင်းမွန်စွာ ကျင်းပပေးနိုင်ခဲ့ကြောင်း၊ ဆက်လက်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၃)တွင်လည်း မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာ လုံခြုံမှုရှိစွာဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီး ဌာနများအနေဖြင့် တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ လုံခြုံရေးစီမံချက်များအတိုင်း အင်အား ဖြည့်တင်းပြီး ထိထိရောက်ရောက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျူးလွန်သူ များအား ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၌ “ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ”အရ အရေးယူ ဆောင်ရွက်မှု ၃၃၁ မှုတွင် တရားခံ အမျိုးသား ၃၂၄ ဦး၊ အမျိုးသမီး ၈၀ ဦး၊ စုစုပေါင်း ၄၀၄ ဦး ရှိခဲ့ကြောင်း၊ ဆက်လက်၍လည်း ရွေးကောက်ပွဲလုံခြုံရေးအား ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျူးလွန်နေသူများကို စုံစမ်းဖော်ထုတ်အရေးယူခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ရွေးကောက်ပွဲအပိုင်း(၃)တွင် ပါဝင်သည့် တိုင်းဒေသကြီး၊ ပြည်နယ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ရွေးကောက်ပွဲအပိုင်း(၃)အတွက် လုံခြုံရေး ဆောင်ရွက်ထားရှိမှု အစီအမံများ၊ ရွေးကောက်ပွဲကျင်းပပြီးနောက် ရွေးချယ်ခံလွှတ်တော် ကိုယ်စားလှယ်များ၏ လုံခြုံရေးနှင့် လွှတ်တော်အသီးသီး ခေါ်ယူကျင်းပနိုင်ရေး လုံခြုံရေးအစီအမံ များအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး ဗဟိုကော်မတီအဖွဲ့ဝင်များ၊ ဒုတိယဥက္ကဋ္ဌများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကိုယ်စားလှယ်တို့က အသီးသီးဖြည့်စွက် အကြံပြုဆွေးနွေး တင်ပြခဲ့ကြသည်။
ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ပြည်သူလူထုသို့ အသိပေးနှိုးဆော်ချက်
Posted on Jan 21, 2026ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော Agent of Myanmar အဖွဲ့အား ပြည်သူတစ်ရပ်လုံးအနေဖြင့် အားပေးထောက်ခံလျက်ရှိသည်ကို ဝမ်းသာဂုဏ်ယူဖွယ် မြင်တွေ့ရပါသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) နိုင်ငံရေးပါတီများ၏...
Posted on Jan 21, 2026၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း ၂) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှု အခြေအနေ
Posted on Jan 21, 2026၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း ၂) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှု အခြေအနေ
