ပြည်သူလူထုကျန်းမာရေး အထူးအလေးပေး

ပြည်သူလူထုကျန်းမာရေး အထူးအလေးပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 08, 2023
image_latest


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူအားလုံး၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် စဉ်ဆက်မပြတ် အားပေးဆောင်ရွက်လျက်ရှိရာတွင် “လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိဘူးဆိုသည့် မူနှင့်အညီ “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး ဆိုသည့် လူမှုရေးဦးတည်ချက်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ပြည်သူ့ကျန်းမာရေးကဏ္ဍကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိသောကြောင့် ၁၉၉၀ ပြည့်နှစ်တွင် ဖြစ်ပေါ်ခဲ့သည့် မိခင်သေဆုံးနှုန်းကို ၂၀၂၀ ပြည့်နှစ်တွင် ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းစေခဲ့ပြီး အသက်ငါးနှစ်အောက် ကလေးသေဆုံးမှုနှုန်းသည် ၂၀၀၀ ပြည့်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ်တွင် ၅၃ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်ဟု သိရသည်။ မွေးကင်းစကလေး သေဆုံးမှုနှုန်းတွင် ၂၀၀၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ်တွင် ၄၂ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ တီဘီရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်တွင် ၂၀၁၅ ခုနှစ် ရောဂါဖြစ်ပွားနှုန်း၏ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သဖြင့် အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် တီဘီရောဂါအဆုံးသတ်နိုင်ရေးမှတ်တိုင်ကို အောင်မြင်စွာဆောင်ရွက်နိုင်သည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည်။

ထို့အပြင် HIV/AIDS နှင့် ငှက်ဖျားရောဂါများဖြစ်ပွားမှုနှင့် သေဆုံးမှုကိုလည်း သိသိသာသာလျှော့ချနိုင်ခဲ့သည်။ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ နှီးနွှယ်ဌာနများ၊ အလှူရှင်များအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကိုလည်း နိုင်ငံတကာနှင့်နှိုင်းယှဉ်လျှင် အချိန်တိုအတွင်း ထိခိုက်ဆုံးရှုံးမှုနည်းပါးစွာဖြင့် အောင်မြင်စွာကာကွယ်ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့သည်။ ကိုဗစ်-၁၉ ကာလ အလွန်တွင်လည်း အခြားကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိခြင်း၊ ၂၀၂၃ ခုနှစ် မေလထဲ၌ ဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်းအပြီးတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ချက်ချင်းဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် မုန်တိုင်းအလွန်ကာလတွင် ကူးစက်ရောဂါဖြစ်ပွားမှုမရှိခြင်းနှင့် တပ်မတော်ဆေးဝန်ထမ်းကဏ္ဍမှလည်း အခြေခံပြည်သူများထံသို့ သွားရောက်ကွင်းဆင်း ကုသစောင့်ရှောက်မှုပေးခြင်းတို့သည် ကျန်းမာရေးကဏ္ဍ၏ အောင်မြင်မှုများဖြစ်သည်။

မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၆ ရက်နေ့က နေပြည်တော်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ပြည်သူ့ကျန်းမာရေးလုပ်ငန်းများသည် ကျန်းမာရေးအဆင့်မြှင့်တင်ရေးနှင့်ရောဂါများ ကြိုတင်ကာကွယ်တားဆီးရေးတို့ကို ပိုမိုအလေးထား ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ရောဂါကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုတိုးမြင့်ရရှိလာနိုင်မည်ဖြစ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာစေရေးကို များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် “Prevention is better than cure” “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်သည် ဆိုသည့်စကားအတိုင်း ရောဂါကြိုတင်ကာကွယ်တားဆီးရေးကို အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ပြည်သူများ၏ လူ့မျှော်မှန်းသက်တမ်း ပိုမိုမြင့်မားလာရန်၊ လူတိုင်းသက်ရှည်ကျန်းမာပြီး ရောဂါဘယကင်းရှင်းရန်တို့ကို ရည်မှန်းဆောင်ရွက်ရာတွင် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ရောဂါကြိုတင်ကာကွယ်တားဆီးခြင်းသည် အဓိကကျသဖြင့် ယင်းတို့ကို အလေးထားဆောင်ရွက်နေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ၌ အောင်မြင်မှုမှတ်တိုင်များ စိုက်ထူနိုင်ခဲ့သလို ပြည်သူများ ငွေကုန်ကြေးကျအနည်းဆုံးဖြင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို တိုင်းရင်းသားပြည်သူများအားလုံးအတွက် လူတိုင်းလက်လှမ်းမီ သာတူညီမျှရရှိနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် အခြေခံကျန်းမာရေးဝန်ထမ်းများ တိုးမြှင့်ခန့်ထားပေးခြင်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများတိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ စံကိုက်ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများအဖြစ် ဆက်လက်မြှင့်တင်ပေးခြင်း၊ ဝန်ထမ်းအိမ်ရာများဆောက်လုပ်ပေးခြင်းနှင့် မရှိမဖြစ်အခြေခံဆေးနှင့် ဆေးပစ္စည်းများအား ဝယ်ယူဖြည့်တင်းပေးခြင်းတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်သူ့ကျန်းမာရေးဆိုသည်မှာ ကျန်းမာရေးနှင့် သက်ဆိုင်သူများအားလုံးက ပြည်သူများကျန်းမာကြံ့ခိုင်စေရန် နည်းလမ်းအသွယ်သွယ်ဖြင့် ဆောင်ရွက်ပေးခြင်းနှင့် ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးအသိဖြင့် သက်ရှည်ကျန်းမာအောင် နေထိုင်စားသောက် လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်၍ ကျန်းမာရေးဝန်ထမ်းများကလည်း ပြည်သူများအတွက် စေတနာရှေ့ထား၍ ကြိုးပမ်းဆောင်ရွက်ပေးကြခြင်းဖြင့် နိုင်ငံတော်၏ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းကို ပိုမိုမြင့်မားလာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။


၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၁၃ ရက်၊ အင်္ဂါနေ့။


Posted on May 12, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁၂ ရက်၊ တနင်္လာနေ့။


Posted on May 12, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။


Posted on May 11, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။


Posted on May 10, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Posted on May 09, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Posted on May 08, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

Travel Advisory (1/2025)

Posted on May 12, 2025

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

Posted on May 9, 2025

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

HOT NEWS
January 4,