ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အတွက် ပါတီများ၊ အသင်း/အဖွဲ့များက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အတွက် ပါတီများ၊ အသင်း/အဖွဲ့များက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 07, 2026
image_latest


နေပြည်တော် ဧပြီ ၅

၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်တွင် ကျင်းပသည့် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အတွက် အမျိုးသားဒီမိုကရေစီပါတီသစ်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၊ တရုတ်-မြန်မာစီးပွားပူးပေါင်းဆောင်ရွက်ရေးနှင့်ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်း (CMECDPA) ၊ မြန်မာ-ဂျပန်ချစ်ကြည်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်း၊ မြန်မာ့ငြိမ်းချမ်းရေးနှင့်ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးအဖွဲ့ (MPPAA) ၊ မြန်မာနိုင်ငံဆိုင်ရာ ဟူနန်ကုန်သည်ကြီးများအသင်း၊ မြန်မာနိုင်ငံဆိုင်ရာ စီချွမ်နှင့်ချုံချင့် ကုန်သည်ကြီးများအသင်းချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ကျန်းစုကုန်သည်ကြီးများအသင်း၊ မြန်မာနိုင်ငံဆိုင်ရာရှန်ဒုန်ကုန်သည်ကြီးများအသင်း၊ မြန်မာနိုင်ငံဆိုင်ရာကျန်းရှီးကုန်သည်ကြီးများအသင်းချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ဖုကျန့်ကုန်သည်ကြီးများအသင်းချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ကွမ်းတုန်းကုန်သည်ကြီးများအသင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ(တရုတ်) ယူနန် ကုန်သည်ကြီးများအသင်းတို့က အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်များတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်ခဲ့သည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဝပြောပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်ပါစေ၊ မြန်မာပြည်သူ၊ ပြည်သားများ၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးတာဝန်များ ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာစွာဖြင့် ထမ်းဆောင်နိုင်ပါစေကြောင်း၊ သမ္မတကြီး၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာပြီး ပိုမိုဖွံ့ဖြိုးတိုးတက်ပါစေကြောင်း၊ နိုင်ငံတော်သမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံပြီး ကိုယ်စိတ်နှဖြာ ကျန်းမာရွှင်လန်းစွာဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း ဂါရဝပြုအပ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဝပြောပြီး ပိုမိုစည်ပင်ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း စသည်ဖြင့် ပါရှိကြောင်း သိရှိရသည်။


၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Posted on Apr 07, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Posted on Apr 06, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 05, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery...

Posted on Apr 3, 2026

မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery Capcity)အလိုက်မူလတန်ဖိုးFOBဈေးနှုန်းအပေါ်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား၂၀၂၆ခုနှစ်၊ဧပြီလ(၁)ရက်မှစတင်၍အောက်ပါအတိုင်းသတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Posted on Apr 6, 2026

မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Posted on Apr 6, 2026

မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-